Posts

Showing posts from September, 2023

သွေးတိုးရောဂါ (Hypertension) Management

သွေးတိုးရောဂါ သတ်မှတ်ခြင်း (Diagnosis) သွေးပေါင်ချိန် 140 / 90 mmHg ထက် များနေပါက သွေးတိုးရောဂါ ရှိသည်ဟု သတ်မှတ်ပါသည်။ (မှတ်ချက်။ ။ သွေးပေါင်မချိန်မီ ၅-မိနစ်ခန့် နားပြီးမှ ထိုင်နေစဉ် တိုင်းရပါမည်။ အနည်းဆုံး ၂-ကြိမ် တိုင်းရမည်။) အကယ်၍ သွေးပေါင်ချိန် 140 / 90 mmHg နှင့် 160 / 100 mmHg ကြား ရှိပါက Amlodipine 5 mg ည ၁-လုံးပေး၍ စတင်ကုသနိုင်ပါသည်။ လိုအပ်ပါက 10 mg ထိ တိုးသောက်နိုင်ပါသည်။ အကယ်၍ သွေးပေါင်ချိန် မထိန်းနိုင်ပါက Enalapril တစ်နေ့ 5 mg တစ်လုံး ထပ်ပေါင်း၍ ပေးနိုင်ပါသည်။ လိုအပ်ပါက Enalapril ကို 10 mg ၂-လုံးထိ တိုးပေးနိုင်သည်။ သွေးပေါင်ချိန် 160 / 100 mmHg ထက်ကျော်ပါက Amlodipine 5 mg (မနက်) ၁-လုံးနှင့် Enalapril 5 mg (ညနေ) ၁-လုံး နှစ်မျိုးပေါင်း၍ စတင်ကုသနိုင်ပါသည်။ Amlodipine 10 mg ၁-လုံး တစ်ကြိမ်နှင့် Enalapril 10 mg ၁-လုံး နှစ်ကြိမ် (20 mg)အထိ အမြင့်ဆုံး တိုက်နိုင်သည်။ သတိပြုရန် ----------------- ကိုယ်ဝန်ဆောင်များတွင် ACEI (Enalaprill) နှင့် Statin မသုံးရ။ ဆေးပေးကုသထားသည့် သွေးဆိုးလူနာများတွင် ရှိရမည့် သွေးပေါင်ချိန် --------------------------------------------------------------------...

ဆီးချိုသွေးချိုရောဂါ ကုသခြင်း

"ဆီးချိုသွေးချိုရောဂါ ကုသခြင်း" ဆီးချိုရောဂါလက္ခဏာများမှာ 👉ဆီးသွားများခြင်း 👉ရေငတ်ခြင်း 👉ကိုယ်အလေးချိန် ကျဆင်းခြင်းတို့ ဖြစ်ပါသည်။ 👉Fasting Blood Sugar (FBS) 126 mg % နှင့် အထက်( နံနက်စာမစားမီ စစ်သည့် သွေးချို ) (သို့မဟုတ်) 👉Random Blood Sugar (RBS) 200 mg% နှင့်အထက် ( ကြိုက်သည့်အချိန် စစ်သည့် သွေးချို ) (သို့မဟုတ်) 👉၃-လ ပျမ်းမျှသွေးချို (HbA1c) 6.5 % နှင့်အထက် (ဆီးချိုရောဂါလက္ခဏာရှိလျှင် သွေးချိုတစ်ကြိမ်များရုံနှင့် ရောဂါသတ်မှတ်နိုင်ပါသည်။ ဆီးချို ရောဂါလက္ခဏာမရှိလျှင် ၂-ကြိမ် စစ်ဆေးပြီး များလျှင် ဆီးချိုသွေးချိုရောဂါဟု သတ်မှတ်သည်။) ကုသခြင်း Monotherapy (ဆေးတစ်မျိုးဖြင့် ကုသခြင်း) ၁။ ကြိုက်သည့်အချိန်စစ်သည့် သွေးချို 250 mg % အောက်ဖြစ်လျှင် ဆေးတစ်မျိုးထဲဖြင့် ကုသနိုင်ပါသည်။  Metformin 500 mg တစ်နေ့နှစ်ကြိမ်နှင့် စ၍ပေးပါမည်။ (အစာနှင့်သောက်ရန်) တစ်ပတ်အကြာတွင် သွေးချိုမကျလျှင် ဆေးပမာဏကို တိုးနိုင်ပါသည် အများဆုံးပေးနိုင်သည့်ပမာဏ 3000 mg ( 500 mg ၂-လုံး ၃-ကြိမ်) အများဆုံးပေးနိုင်သည့်အကြိမ် (၁)ရက်လျှင် ၃-ကြိမ် ခွဲပေးနိုင်သည်။ ပုံမှန်ဆက်လက် သောက်နိုင်သည့်ပမာဏ - 2000 mg ( 500 mg...

Duty and Responsibility of TMO

မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးသည် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးလုပ်ငန်း များကို အဓိက တာဝန်ယူ ဆောင်ရွက်ရပါသည်။ ဆေးရုံဝန်ထမ်းများနှင့် အခြေခံကျန်းမာ ရေးဝန်ထမ်းများကို ညီညွတ်စွာ ဦးဆောင်စုစည်း၍ ရောဂါကာကွယ်နှိမ်နင်းခြင်း၊ ကျန်းမာ ရေးမြှင့်တင်ခြင်း၊ ကုသရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရပါ သည်။ ထို့ပြင် ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများနှင့်လည်း ပေါင်းစည်းဆောင်ရွက်ရပါ သည်။ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး၏ အဓိက တာဝန်ဝတ္တရားများမှာ - ၁။ အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲရေးလုပ်ငန်းများ၊  ၂။ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ၊ ၃။ ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများနှင့် ၄။ ကုသရေးလုပ်ငန်းတို့ ဖြစ်ကြပါသည်။ ၁။ အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲရေးလုပ်ငန်းများ (၁- ၁) အထွေထွေစီမံခန့်ခွဲရေး မြို့နယ်ကျန်းမာရေးလုပ်ငန်းအဖွဲ့(Township Health Working Group: THWG)တွင် ဥက္ကဌအဖြစ် ဦးဆောင်၍ အဖွဲ့၏ လုပ်ငန်း တာဝန် သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ခြင်း၊ (၁.၁.၂) မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ သင်ကြားရေးအဖွဲ့ ခေါင်းဆောင် အဖြစ် တာဝန်ယူဆောင်ရွက်ခြင်း၊ (၁-၁-၃) မြို့နယ် ဖွား/သေစာရင်းအင်းအရာရှိအဖြစ် ဆောင်ရွက်ခြင်း၊ (၁-၁-၄)...

Duty and Responsibility of THO

မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး၏ ကြီးကြပ်မှုအောက်တွင် ပြည်သူ့ကျန်းမာရေး ရောဂါနှိမ်နင်းရေးလုပ်ငန်းများကို မြို့နယ်ကျန်းမာရေးအရာရှိက တာဝန်ယူဆောင်ရွက်ပါသည်။ မြို့နယ်ကျန်းမာရေးအရာရှိ၏ တာဝန်ဝတ္တရားများမှာ -  ၁။ စီမံခန့်ခွဲရေးလုပ်ငန်း၊ ၂။ ပြည်သူ့ကျန်းမာရေးနှင့် ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်း၊ ၃။ ကွင်းဆင်းကြီးကြပ်ခြင်းလုပ်ငန်းတို့ ဖြစ်ကြပါသည်။ စီမံခန့်ခွဲရေးလုပ်ငန်းများ (၁-၁) အားလုံးပါဝင်သော မြို့နယ်ကျန်းမာရေးစီမံကိန်းလုပ်ငန်းများကို မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးအား တာဝန်ယူ/တာဝန်ခံ၍ ဆောင်ရွက်ခြင်း၊ (၁-၂) အခြေခံကျန်းမာရေးဌာနများ၏ လုပ်ငန်းနှင့် အုပ်ချုပ်ရေးဆိုင်ရာ ပြဿနာ များကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးထံတင်ပြခြင်း၊ လမ်းညွှန်ချက်အရ ဆက်လက်ဆောင်ရွက်ခြင်း၊ (၁-၃) နှီးနွယ်သောဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ (၁-၄) မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ သင်ကြားရေးအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခြင်း။ ၂။ ပြည်သူ့ကျန်းမာရေးနှင့် ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ (၂-၁) ပြည်သူ့ကျန်းမာရေးနှင့် ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများတွင် အ...

Duty and Responsibility of SMO

တိုက်နယ်ဆရာဝန်၏ တာဝန်ဝတ္တရားများမှာ - ၁။ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးလုပ်ငန်းများ၊ ၂။ ပြည်သူ့ကျန်းမာရေးနှင့် ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ၊  ၃။ ကုသရေးလုပ်ငန်းတို့ ဖြစ်ကြပါသည်။ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးလုပ်ငန်းများ (၁-၁) မြို့နယ်ကျန်းမာရေးလုပ်ငန်းအဖွဲ့ (THWG) တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခြင်း၊ (၁-၂) မြို့နယ်သင်ကြားရေးအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခြင်း၊ (၁-၃) တိုက်နယ်ဆေးရုံ စီမံခန့်ခွဲမှုကော်မတီ ဖွဲ့စည်း၍ ကုသရေးနှင့် ဝန်ထမ်းရေး ရာကိစ္စများ ဆောင်ရွက်ခြင်း၊ (၁-၄) ဝန်ထမ်းများအား လုပ်ငန်းတာဝန် ခွဲဝေသတ်မှတ်ပေးခြင်း၊ (၁-၅) ဝန်ထမ်းအင်အား၊ အဆောက်အဦအခြေအနေ၊ ပစ္စည်းကိရိယာ၊ ဆေးဝါး များ ပြည့်စုံခြင်း ရှိ/မရှိ ကြီးကြပ်ခြင်းနှင့် မြို့နယ်သို့ တင်ပြခြင်း၊  (၁-၆) လုပ်ငန်းဆိုင်ရာ စာရင်းဇယားများ၊ လချုပ်များ၊ အစီရင်ခံစာများကို စစ်ဆေးခြင်း၊ သုံးသပ်ခြင်း၊ မြို့နယ်သို့ အစီရင်ခံခြင်း၊ (၁-၇) ဆေးရုံ/ဆေးခန်း၊ လူနာဆောင်၊ ခွဲစိတ်ခန်းနှင့် သားဖွားခန်းများ သန့်ရှင်းရေး၊ စွန့်ပစ်ပစ္စည်းကိစ္စ စသည်တို့ကို စီမံခန့်ခွဲခြင်း၊ ကြီးကြပ်ခြင်း၊  (၁-၈) တိုက်နယ်ကျန်းမာရေးဌာနလုပ်ငန်းမျ...

Duty and Responsibility of MW

သားဖွားဆရာမသည် မိခင်၊ မွေးကင်းစနှင့် (၅)နှစ်အောက်ကလေးများ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို အဓိက ဆောင်ရွက်ရပါမည်။ ၁။ အဓိက ဆောင်ရွက်ရမည့် လုပ်ငန်းများ (၁-၁) ကိုယ်ဝန်ဆောင်စောင့်ရှောက်ခြင်း၊ မွေးဖွားပေးခြင်းနှင့် မီးတွင်းမိခင်စောင့်ရှောက်ခြင်း၊ (၁-၂) မွေးကင်းစနှင့် (၅)နှစ်အောက်ကလေး ကျန်းမာဖွံ့ဖြိုးရေးလုပ်ငန်း၊  (၁-၃) မျိုးဆက်ပွားကျန်းမာရေးလုပ်ငန်း၊ (၁-၄) အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ၊ (၁-၅) တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၊ (၁-၆) ဆေးခန်းဖွင့်လှစ်ခြင်း (ကုသရေး)၊ (၁-၇) ဖွား/သေစာရင်းအင်းနှင့် ကျန်းမာရေးစာရင်းအင်း ကောက်ယူခြင်းလုပ်ငန်း၊  (၁-၈) ကျန်းမာရေး အသိပညာမြှင့်တင်ရေးလုပ်ငန်း။ ၂။ ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများ (၂-၁) ကျောင်းကျန်းမာရေးလုပ်ငန်းများ၊ (၂-၂) ကူးစက်မြန်နှင့်ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းခြင်း လုပ်ငန်းများ  (၂-၃) မကူးစက်နိုင်သောရောဂါများ ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများ၊ (၂-၄) စီမံကိန်းဝင်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ၊ (၂-၅) ဘေးအန္တရာယ်နှင့် အရေးအပေါ် ကျန်းမာရေးအခြေအနေ စီမံခန့်ခွဲခြင်းလုပ်ငန်းများ၊ (၂-၆) ပတ်ဝန်းကျင်နှင့် လုပ်ငန်းခွင် ကျန်းမာရေးလုပ်ငန်း...

Duty and Responsibility of LHV

အမျိုးသမီးကျန်းမာရေးဆရာမသည် သားဖွားဆရာမများ၏ လုပ်ငန်းများကို အနီးကပ်ကြီးကြပ်ရပါသည်။ အမျိုးသမီးကျန်းမာရေးဆရာမ၏ တာဝန်ဝတ္တရားများမှာ - ၁။ စီမံခန့်ခွဲရေးလုပ်ငန်း၊ ၂။ ပြည်သူ့ကျန်းမာရေးလုပ်ငန်း၊ ၃။ ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်း၊ ၄။ ကုသရေးလုပ်ငန်း(ဆေးခန်းဖွင့်လှစ်ခြင်း)တို့ ဖြစ်ကြပါသည်။ ၁။ စီမံခန့်ခွဲရေးလုပ်ငန်း အမျိုးသမီးကျန်းမာရေးဆရာမသည် ကျေးလက်ကျန်းမာရေးဌာနတွင် ကျန်းမာ ရေးမှူး တာဝန်ယူဆောင်ရွက်ရသည့်လုပ်ငန်းများကို ပူးပေါင်းကူညီဆောင်ရွက်ရပါသည်။ ၂။ ပြည်သူ့ကျန်းမာရေးလုပ်ငန်း (၂-၁) အဓိက တာဝန်ယူ ကြီးကြပ်ရမည့် လုပ်ငန်းများ သားဖွားဆရာမနှင့် အရန်သားဖွားဆရာမတို့ ဆောင်ရွက်နေသော အောက်ပါပြည်သူ့ ကျန်းမာရေးလုပ်ငန်းများကို ဆေးခန်းတွင်လည်းကောင်း၊ ကွင်းဆင်း၍လည်းကောင်း မပြတ်မလပ် ကြီးကြပ်ရမည် - (၂-၁-၁) မျိုးဆက်ပွား၊ မိသားစုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၊  (၂-၁-၂) မိခင်၊ မွေးကင်းစနှင့် ကလေးကျန်းမာဖွံ့ဖြိုးရေးလုပ်ငန်း၊ (၂-၁-၃) အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ (ကိုယ်တိုင်လည်း ပါဝင်ကူညီဆောင်ရွက်ရန်)၊ (၂-၁-၄) တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၊ (၂-၁-၅) ဖွား/သေစာရင်းအင်းနှင့် ကျန်းမာရေးစာရင်းအင်း ကောက်ယူခြင်းလုပ်င...

Duty and Responsibility of PHS1

ပြည်သူ့ကျန်းမာရေးကြီးကြပ်(၁)သည် တိုက်နယ်ဆေးရုံနှင့် တိုက်နယ်ကျန်းမာရေး ဌာနများတွင် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ရပါသည်။ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၁)၏ တာဝန်ဝတ္တရားများမှာ - ၁။ စီမံခန့်ခွဲရေးလုပ်ငန်း၊ ၂။ ပြည်သူ့ကျန်းမာရေးလုပ်ငန်း၊ ၃။ ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းတို့ ဖြစ်ကြပါသည်။ စီမံခန့်ခွဲရေးလုပ်ငန်း (၁-၁) တိုက်နယ်ကျန်းမာရေးဌာနနှင့်ပတ်သက်၍ နယ်နိမိတ်ပြမြေပုံကို ပြုစုခြင်း၊ အခြေခံအချက်အလက်များ စာရင်းဇယားပြုစုခြင်း၊ (၁-၂) ကွင်းဆင်းချိန်တွင် သားဖွားဆရာမများ၊ ကြီးကြပ်(၂)များ၊ စေတနာ့ ဝန်ထမ်း ကျန်းမာရေးလုပ်သားများ၏ ဆောင်ရွက်ချက်များကို စိစစ်ခြင်း၊ ကြီးကြပ်ခြင်း၊ သင်ကြားပေးခြင်း၊ (၁-၃) လက်အောက်ရှိ ဝန်ထမ်းများ လုပ်ငန်းဆောင်ရွက်မှု အားနည်းပါက စည်းရုံး၍ ပညာပေးခြင်း၊ လိုအပ်ပါက အထက်သို့ တင်ပြအစီရင်ခံခြင်း၊ (၁-၄) စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်း၊ (၁-၅) ဝန်ထမ်းများ၏ လချုပ်များအား စုစည်းခြင်း၊ စစ်ဆေးခြင်း၊ သုံးသပ် အကြံပြုချက်များ ပြန်လည်ပေးခြင်း၊ ဌာနလချုပ်ပြုစု၍ သက်ဆိုင်ရာသို့ ပေးပို့ခြင်း၊ (၁-၆) တိုက်နယ်ဆရာဝန်ခွင့်ရက်ရှည်ယူခြင်း၊ လစ်လပ်နေခြင်း...

Duty and Responsibility of PHS2

ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂)သည် သားဖွားဆရာမနှင့် တွဲဖက်လျှက် ရောဂါ ကာကွယ်နှိမ်နင်းရေးနှင့် ပတ်ဝန်းကျင်ကျန်းမာရေးလုပ်ငန်းများကို အဓိက တာဝန်ယူ ဆောင်ရွက်ရပါသည်။ ၁။ အဓိက ဆောင်ရွက်ရမည့် လုပ်ငန်းများ (၁-၁) ကူးစက်မြန်နှင့်ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေး၊ (၁-၂) ဘေးအန္တရာယ်နှင့် အရေးအပေါ်ကျန်းမာရေးအခြေအနေ စီမံခန့်ခွဲခြင်း၊  (၁-၃) စီမံကိန်းဝင်ရောဂါတိုက်ဖျက်ရေး၊ (၁-၄) မကူးစက်နိုင်သောရောဂါများ ကာကွယ်ကုသရေး၊ (၁-၅) ပတ်ဝန်းကျင်နှင့် လုပ်ငန်းခွင် ကျန်းမာရေးလုပ်ငန်းများ၊ (၁-၆) ကျန်းမာရေးအသိပညာမြှင့်တင်ရေးလုပ်ငန်း၊ (၁-၇) ကျန်းမာရေးစာရင်းအင်း အချက်အလက်များ ကောက်ယူခြင်း၊ စုစည်းတင်ပြခြင်း။ ၂။ ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများ  (၂-၁) မိခင်၊ မွေးကင်းစနှင့်(၅)နှစ်အောက်ကလေးကျန်းမာဖွံ့ဖြိုးရေး၊ မျိုးဆက်ပွား ကျန်းမာရေးလုပ်ငန်း၊  (၂-၂) အာဟာရဖွံ့ဖြိုးရေးလုပ်ငန်း၊ (၂-၃) ကျောင်းကျန်းမာရေးလုပ်ငန်း၊ (၂-၄) တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၊  (၂-၅) ဆေးခန်းတွင် ဆေးကုသရေးလုပ်ငန်း၊ (၂-၆) သွားနှင့်ခံတွင်းဆိုင်ရာ ကာကွယ်ရေးလုပ်ငန်း။ ၃။ တာဝန်ဝတ္တရားများကို လွှဲပြောင်းထမ်းဆောင်ခြင်း (Task Shifting) သားဖွား...

Duty and Responsibility of HA1

ကျန်းမာရေးမှူးအဆင့်(၁)၏ တာဝန်နှင့်ဝတ္တရားများမှာ - ၁။ စီမံခန့်ခွဲရေးလုပ်ငန်း၊ ၂။ ပြည်သူ့ကျန်းမာရေးလုပ်ငန်း၊ ၃။ ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းတို့ ဖြစ်ပါသည်။ ၁။ စီမံခန့်ခွဲရေးလုပ်ငန်းများ (၁-၁) အထွေထွေ စီမံခန့်ခွဲရေး (၁-၁-၁) ကျန်းမာရေးမှူး၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၁)နှင့် ပြည်သူ့ ကျန်းမာရေးကြီးကြပ်(၂)တို့၏ အင်အားစာရင်း၊ ကိုယ်ရေးအချက် အလက်များကို ပြုစု၍ မှတ်တမ်းတင်ခြင်း၊ အထက်အဆင့်သို့ အစီရင်ခံခြင်း၊ (၁-၁-၂) အခြေခံကျန်းမာရေးဝန်ထမ်းများ တာဝန်ကျကျေးရွာတွင် နေထိုင် တာဝန်ထမ်းဆောင်နိုင်စေရန် ဒေသခံများနှင့် ညှိနှိုင်းစီစဉ်ပေးခြင်း၊ လိုအပ်ပါက အထက်သို့ တင်ပြခြင်း၊ (၁-၁-၃) မြို့နယ်အတွင်းရှိ အခြေခံကျန်းမာရေးဝန်ထမ်းများအား ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများကို လိုက်နာစေရန် ကြီးကြပ်ခြင်း၊ စည်းကမ်းမလိုက်နာပါက မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးထံတင်ပြခြင်း၊ (၁-၁-၄) ဆေးနှင့် ဆေးပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ တွက်ချက်၊ မှာယူ၊ လက်ခံ၊ ဖြန့်ဖြူးရာတွင် ကြီးကြပ်ခြင်း၊ သက်ဆိုင်ရာ ကျွမ်း ကျင်သူနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ (၁-၁-၅) အခြေခံကျန်းမာရေးဌာနများ၏ အဆောက်အဦစာရင်း ပြုစုခြင်းနှင့် လိုအပ်မှုများကို တင်ပြခြ...

Duty and Responsibility of THA

မြို့နယ်ကျန်းမာရေးမှူး၏ တာဝန်ဝတ္တရားများမှာ- ၁။ စီမံခန့်ခွဲရေးလုပ်ငန်း၊ ၂။ ပြည်သူ့ကျန်းမာရေးလုပ်ငန်းနှင့် ၃။ ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းတို့ ဖြစ်ပါသည်။ ၁။ စီမံခန့်ခွဲရေးလုပ်ငန်း (၁-၁) အခြေခံကျန်းမာရေးဝန်ထမ်းများ၊ ကျန်းမာရေးဌာန/ဌာနခွဲ အဆောက်အဦ၊ ဝန်ထမ်းအိမ်ရာ အချက်အလက်များ စာရင်းပြုစုခြင်း၊ ဆန်းစစ်ခြင်း၊ သုံးသပ်တင်ပြခြင်း၊ (၁-၂) ကျေးလက်ကျန်းမာရေးဌာန/ဌာနခွဲများ၏ ဆေးနှင့်ဆေးပစ္စည်းရရှိမှု၊ သိုလှောင်၊ ဖြန့်ဖြူးမှုစနစ်ကို ကြီးကြပ်ခြင်း၊ (၁-၃) သင်ကြားရေးအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခြင်း။ ၃။ ပြည်သူ့ကျန်းမာရေးလုပ်ငန်း (၂-၁) အားလုံးပါဝင်သော မြို့နယ်ကျန်းမာရေးစီမံကိန်း ရေးဆွဲရာတွင် ပါဝင်ခြင်း၊ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုများကို ကြီးကြပ်ခြင်း၊  (၂-၂) မြို့နယ်များ၏ ပြည်သူ့ကျန်းမာရေးလုပ်ငန်းဆောင်ရွက်မှုကို လစဉ် ကွင်း ဆင်းကြီးကြပ်ခြင်း၊ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုများကို ဆန်းစစ်ခြင်းနှင့် အထက်သို့ အစီရင်ခံတင်ပြခြင်း၊ (၂-၃) လစဉ်လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို သက်ဆိုင်ရာ အထက်အဆင့် သို့ တင်ပြခြင်း၊ ၃။ ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်း (၃-၁) ကူးစက်မြန်နှင့် ကူးစက်ရောဂါမ...

Duty and Responsibility of THN

မြို့နယ်သူနာပြုဆရာမကြီးသည် သူနာပြုနှင့် သားဖွားလုပ်ငန်းများကို ကြီးကြပ်ရန် တာဝန်ရှိပါသည်။ ၎င်း၏ အဓိကတာဝန်ဝတ္တရားများမှာ -  ၁။ စီမံခန့်ခွဲရေးလုပ်ငန်းနှင့် ၂။ ပြည်သူ့ကျန်းမာရေးလုပ်ငန်းတို့ ဖြစ်ပါသည်။ ၁။ စီမံခန့်ခွဲရေးလုပ်ငန်း (၁-၁) သူနာပြုများ၊ အမျိုးသမီးကျန်းမာရေးဆရာမနှင့် သားဖွားဆရာမတို့၏ အင်အားစာရင်း၊ ကိုယ်ရေးအချက်အလက်များကို ပြုစု၍ မှတ်တမ်းတင် ခြင်း၊ အထက်သို့ အစီရင်ခံခြင်း၊ (၁-၂) သူနာပြု၊ သားဖွားကျင့်ဝတ်နှင့်အညီ လိုက်နာကျင့်သုံးနိုင်စေရန် လမ်းညွှန် ခြင်း၊ ကြီးကြပ်ခြင်း၊ (၁-၃) သူနာပြု၊ သားဖွားများကို ဝန်ထမ်းစည်းကမ်း လိုက်နာစေရန် ကြီးကြပ် ခြင်း၊ စည်းကမ်းမလိုက်နာပါက အထက်အရာရှိထံ တင်ပြခြင်း၊  (၁-၄) စဉ်ဆက်မပြတ် သူနာပြုပညာ တိုးတက်ရေး ဆောင်ရွက်ခြင်း (Continuing Nursing Education: CNE)၊  (၁-၅) မြို့နယ်သင်ကြားရေးအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခြင်း။ ၂။ ပြည်သူ့ကျန်းမာရေးလုပ်ငန်း (၂-၁) အဓိက တာဝန်ယူ ကြီးကြပ်ရမည့် လုပ်ငန်းများ (၂-၁-၁) မိခင်၊ မွေးကင်းစနှင့် ကလေးကျန်းမာဖွံ့ဖြိုးရေး လုပ်ငန်းများ၊  (၂-၁-၂) မျိုးဆက်ပွားကျန်းမာရေးလုပ်ငန်းများ (Logistic Management အပါအဝင်)၊ (၂-၁-၃) ...

Duty and Responsibility of HA

ကျန်းမာရေးမှူးသည် ကျေးလက်ကျန်းမာရေးဌာနကို တာဝန်ယူ ဆောင်ရွက် ရပါသည်။ ကျန်းမာရေးမှူး၏ တာဝန်ဝတ္တရားများမှာ - ၁။ စီမံခန့်ခွဲရေးလုပ်ငန်း၊ ၂။ ပြည်သူ့ကျန်းမာရေးလုပ်ငန်း၊ ၃။ ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်း၊ ၄။ ကုသရေးလုပ်ငန်းတို့ ဖြစ်ပါသည်။ ၁။ စီမံခန့်ခွဲရေးလုပ်ငန်း (၁-၁) အထွေထွေ စီမံခန့်ခွဲရေး (၁-၁-၁) မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးကို တာဝန်ခံ၍ ကျေးလက်ကျန်းမာရေးဌာန ပင်မဆေးခန်း၊ ဌာနခွဲဆေးခန်းများနှင့် နေအိမ် များတွင် ဝန်ထမ်းများကို စနစ်တကျ နေရာချထားပေးခြင်း၊ အဆင် ပြေအောင် စီစဉ်ပေးခြင်း၊ (၁-၁-၂) ဝန်ထမ်းများ စည်းကမ်းလိုက်နာစေရန် ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်း ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ခြင်း။ (၁-၁-၃) အဆောက်အဦများနှင့် လုပ်ငန်းသုံးပစ္စည်းများ ထိန်းသိမ်းခြင်း၊ ပြုပြင်ရန် (သို့) အသစ်တောင်းခံရန်ရှိပါက အဆင့်ဆင့် တင်ပြ တောင်းခံခြင်း၊ (၁-၁-၄) ဆေးခန်းဝန်းကျင်စိမ်းလန်းစိုပြေရေး၊ သန့်ရှင်းရေး၊ ဆိုင်းဘုတ်၊ အလံတိုင်၊ အဝင်အထွက်လမ်းများ ကောင်းမွန်ရေးအတွက် အစဉ် အမြဲ ကြပ်မတ်ဆောင်ရွက်ခြင်း၊ (၁-၁-၅) ကျေးလက်ကျန်းမာရေးဌာနတွင် အောက်ပါတို့ကို ချိတ်ဆွဲပြသထားခြင်း - > နယ်မြေ၏ ဒေသဆိုင်ရာအချက်အလက်များ (ကျေးရွာ၊ လှည်း...

NCD Status

Image
မြန်မာနိုင်ငံတွင် မကူးစက်နိုင်သော ရောဂါများ၏ လက်ရှိအခြေအနေ မကူးစက်နိုင်သောရောဂါများ (NCDs) ဆိုသည်မှာ လူတစ်ဦးမှတစ်ဦးသို့ ရောဂါ ကူးစက်ခြင်းကြောင့်မဟုတ်ဘဲ ကျန်းမာရေးနှင့် မညီညွတ်သော လူမှုဘဝနေထိုင်မှုပုံစံများတွင် ကြာရှည်စွာ စားသောက်နေထိုင်ထိတွေ့ နေရခြင်းကြောင့် ဖြစ်ပေါ်လာသောရောဂါများကို ခေါ်ပါသည်၊ အဓိကမကူးစက်နိုင်သောရောဂါများ (Major NCDs) များမှာ - ၁။ သွေးတိုး (Hypertension) နှင့် နှလုံးသွေးကြောကျဉ်းရောဂါ  ၂။ ဆီးချိုသွေးချိုရောဂါ (Diabetes Mellitus-DM) ၃။ ကင်ဆာရောဂါ (Cancer) နှင့် ၄။ နာတာရှည်အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (Chronic Respiratory Disease-CRD) တို့ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၁၂-ခုနှစ်အတွင်း ကောက်ယူရရှိသောကျန်းမာရေးစာရင်း ဇယားများအရ သေဆုံးရခြင်းအကြောင်းအရင်းများ၏ (၅၉)ရာခိုင်နှုန်းမှာ မကူးစက်နိုင်သော ရောဂါကြောင့်ဖြစ်ပြီး အဆိုပါသေဆုံးမှုများအနက် (၂၅) ရာခိုင်နှုန်းမှာ နှလုံးသွေးကြောရောဂါများ၊ (၁၁) ရာခိုင်နှုန်းမှာ ကင်ဆာရောဂါများ၊ (၉) ရာခိုင်နှုန်းမှာ နာတာရှည်အဆုတ်နှင့် အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါများနှင့် (၃) ရာခိုင်နှုန်းမှာ ဆီးချိုသွေးချိုရောဂါများကြောင့် ဖြ...