Duty and Responsibility of HA1

ကျန်းမာရေးမှူးအဆင့်(၁)၏ တာဝန်နှင့်ဝတ္တရားများမှာ -

၁။ စီမံခန့်ခွဲရေးလုပ်ငန်း၊

၂။ ပြည်သူ့ကျန်းမာရေးလုပ်ငန်း၊

၃။ ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းတို့ ဖြစ်ပါသည်။


၁။ စီမံခန့်ခွဲရေးလုပ်ငန်းများ (၁-၁) အထွေထွေ စီမံခန့်ခွဲရေး

(၁-၁-၁) ကျန်းမာရေးမှူး၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၁)နှင့် ပြည်သူ့ ကျန်းမာရေးကြီးကြပ်(၂)တို့၏ အင်အားစာရင်း၊ ကိုယ်ရေးအချက် အလက်များကို ပြုစု၍ မှတ်တမ်းတင်ခြင်း၊ အထက်အဆင့်သို့ အစီရင်ခံခြင်း၊

(၁-၁-၂) အခြေခံကျန်းမာရေးဝန်ထမ်းများ တာဝန်ကျကျေးရွာတွင် နေထိုင် တာဝန်ထမ်းဆောင်နိုင်စေရန် ဒေသခံများနှင့် ညှိနှိုင်းစီစဉ်ပေးခြင်း၊ လိုအပ်ပါက အထက်သို့ တင်ပြခြင်း၊

(၁-၁-၃) မြို့နယ်အတွင်းရှိ အခြေခံကျန်းမာရေးဝန်ထမ်းများအား ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများကို လိုက်နာစေရန် ကြီးကြပ်ခြင်း၊ စည်းကမ်းမလိုက်နာပါက မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးထံတင်ပြခြင်း၊

(၁-၁-၄) ဆေးနှင့် ဆေးပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ တွက်ချက်၊ မှာယူ၊ လက်ခံ၊ ဖြန့်ဖြူးရာတွင် ကြီးကြပ်ခြင်း၊ သက်ဆိုင်ရာ ကျွမ်း ကျင်သူနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊

(၁-၁-၅) အခြေခံကျန်းမာရေးဌာနများ၏ အဆောက်အဦစာရင်း ပြုစုခြင်းနှင့် လိုအပ်မှုများကို တင်ပြခြင်း၊

(၁-၁-၆) ကျေးလက်ကျန်းမာရေးဌာနများက ကောက်ယူပေးပို့သော ကျန်းမာ ရေးသတင်းအချက်အလက်များကို စိစစ်ခြင်း၊ DHIS II တွင် ဖြည့်သွင်းမှုကို ကြီးကြပ်ခြင်း၊

(၁-၁-၇) ကျန်းမာရေးစောင့်ရှောက်မှုရလဒ် အညွှန်းကိန်းများ တွက်ချက်ပြုစု၍ ဇယား၊ ဂရပ်၊ ဘား စသည်များ ရေးဆွဲခြင်း၊

(၁-၁-၈) မြို့နယ်သင်ကြားရေးအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခြင်း။


(၁-၂) ပြည်သူ့ကျန်းမာရေးလုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲရေး

(၁-၂-၁) မြို့နယ်ကျန်းမာရေးလုပ်ငန်းအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်၍ အားလုံးပါဝင်သော မြို့နယ်ကျန်းမာရေးစီမံကိန်း ရေးဆွဲရာတွင်ပါဝင်ခြင်း၊

(၁-၂-၂) အဆိုပါ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု ကို ပုံမှန်ကွင်းဆင်းကြီးကြပ်ခြင်း၊ ဆန်းစစ်ခြင်းနှင့် သုံးသပ်အကြံပြုချက်များကို တင်ပြခြင်း၊

(၁-၂-၃) မြို့နယ်အဆင့် ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဆိုင်ရာလုပ်ငန်းအစီအစဉ်ရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်းနှင့် ကြီးကြပ်ခြင်း၊

(၁-၂-၄) လချုပ်အစီရင်ခံစာများကို မြို့နယ်သူနာပြုဆရာမကြီးနှင့် ပူးပေါင်း ၍ ပြုစုခြင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးထံ တင်ပြခြင်း၊

(၁-၂-၅) ဖွား/သေမှတ်ပုံတင်ခြင်းလုပ်ငန်းများ စစ်ဆေးပေးခြင်း၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးထံ တင်ပြခြင်း၊

(၁-၂-၆) နှီးနွယ်ဌာန၊ လူမှုအဖွဲ့အစည်း၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ခြင်း။


၂။ ပြည်သူ့ကျန်းမာရေးလုပ်ငန်း 

(၂-၁) အဓိက တာဝန်ယူကြီးကြပ်ရမည့် လုပ်ငန်းများ

(၂-၁-၁) ပတ်ဝန်းကျင်ကျန်းမာရေးလုပ်ငန်း၊

(၂-၁-၂) လုပ်ငန်းခွင်ကျန်းမာရေးလုပ်ငန်း၊

 (၂-၁-၃) ကျောင်းကျန်းမာရေးလုပ်ငန်း၊

(၂-၁-၄) အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးလုပ်ငန်း၊

(၂-၁-၅) တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း။

(၂-၂) ကျေးလက်ကျန်းမာရေးဌာန/ ဌာနခွဲအဆင့်ထိ ပုံမှန်ကွင်းဆင်း စစ်ဆေးခြင်း၊ ကြီးကြပ်ခြင်း။

(၂-၃) လစဉ် လကုန်ရက်တိုင်းတွင် ကျင်းပသော စဉ်ဆက်မပြတ် ဆေးပညာသင်ကြား ပို့ချခြင်းလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခြင်း (Continuing Medical Education: CME)



၃။ ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်း

(၃-၁) စောင့်ကြပ်ကြည့်ရှုရသောရောဂါ (၁၇)မျိုးစာရင်းကို လစဉ်စုစည်းခြင်း၊ စောင့်ကြပ်ခြင်း၊ အထက်အဆင့်သို့ အစီရင်ခံခြင်း၊

(၃-၂) မျက်ခြေမပြတ် စောင့်ကြပ်ကြည့်ရှုရသော ရောဂါများ (လတ်တလောပျော့ ခွေ အကြောသေရောဂါ၊ မွေးကင်းစမေးခိုင်၊ ဝက်သက်၊ တုပ်ကွေးကဲ့သို့ နာမကျန်းဖြစ်ခြင်း - Influenza Like Illness စသည်)ကို အပတ်စဉ် စုစည်း၍ အစီရင်ခံခြင်း၊ ဖြစ်ပေါ်လာပါက စုံစမ်းစစ်ဆေးခြင်း၊

(၃-၃) ကူးစက်မြန်နှင့် ကူးစက်ရောဂါများ ဖြစ်ပွားမှုကို စောင့်ကြပ်ကြည့်ရှုခြင်း (Disease Surveillance) ၊

(၃-၄) စီမံကိန်းဝင်ရောဂါ ကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းများကို ကြီးကြပ်ခြင်း၊

 (၃-၅) ထူးခြားဖြစ်စဉ် (သို့မဟုတ်)ကပ်ရောဂါ ဖြစ်ပေါ်လာပါက ကာကွယ်ခြင်း နှင့် နှိမ်နင်းခြင်း၊

(၃-၆) မကူးစက်နိုင်သောရောဂါများ ကာကွယ်ရေးလုပ်ငန်းများအား ဆောင်ရွက် ခြင်း၊

(၃-၇) သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေးလုပ်ငန်းများ ဆောင်ရွက် ခြင်း၊

Comments

Popular posts from this blog

Duty and Responsibility of SMO

Duty and Responsibility of TMO

ဆီးချိုသွေးချိုရောဂါ ကုသခြင်း