Duty and Responsibility of TMO
မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးသည် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးလုပ်ငန်း များကို အဓိက တာဝန်ယူ ဆောင်ရွက်ရပါသည်။ ဆေးရုံဝန်ထမ်းများနှင့် အခြေခံကျန်းမာ ရေးဝန်ထမ်းများကို ညီညွတ်စွာ ဦးဆောင်စုစည်း၍ ရောဂါကာကွယ်နှိမ်နင်းခြင်း၊ ကျန်းမာ ရေးမြှင့်တင်ခြင်း၊ ကုသရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရပါ သည်။ ထို့ပြင် ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများနှင့်လည်း ပေါင်းစည်းဆောင်ရွက်ရပါ သည်။
မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး၏ အဓိက တာဝန်ဝတ္တရားများမှာ -
၁။ အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲရေးလုပ်ငန်းများ၊
၂။ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ၊
၃။ ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများနှင့်
၄။ ကုသရေးလုပ်ငန်းတို့ ဖြစ်ကြပါသည်။
၁။ အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲရေးလုပ်ငန်းများ
(၁- ၁) အထွေထွေစီမံခန့်ခွဲရေး
မြို့နယ်ကျန်းမာရေးလုပ်ငန်းအဖွဲ့(Township Health Working Group: THWG)တွင် ဥက္ကဌအဖြစ် ဦးဆောင်၍ အဖွဲ့၏ လုပ်ငန်း တာဝန် သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ခြင်း၊
(၁.၁.၂) မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ သင်ကြားရေးအဖွဲ့ ခေါင်းဆောင် အဖြစ် တာဝန်ယူဆောင်ရွက်ခြင်း၊
(၁-၁-၃) မြို့နယ် ဖွား/သေစာရင်းအင်းအရာရှိအဖြစ် ဆောင်ရွက်ခြင်း၊
(၁-၁-၄) အခြေခံကျသည့် မရှိမဖြစ်လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ(Basic EPHS)ကို ပြည်သူလူထု လက်လှမ်းမီစေရေး နှင့် အဆင်သင့်ဖြစ်ရေး (Service Availability and Readiness) အတွက် စီမံဆောင်ရွက်ခြင်း၊
(၁-၁-၅) ဝန်ထမ်းရေးရာကိစ္စများကို လုပ်ထုံးလုပ်နည်းနှင့်အညီ စီမံဆောင်ရွက်ခြင်းနှင့် တာဝန်ခွဲဝေသတ်မှတ်ပေးခြင်း၊
(၁-၁-၆) ဝန်ထမ်းများ လုပ်ငန်းခွင်လုံခြုံမှု ရရှိစေရန် ဆောင်ရွက်ခြင်း၊
(၁.၁.၇) ကျန်းမာရေးသတင်းအချက်အလက်များကို စစ်ဆေးခြင်းနှင့် လစဉ် အစီရင်ခံခြင်း။
(၁-၂) ဆေးရုံ/ဆေးခန်းများနှင့် ကျန်းမာရေးဌာနများ စီမံခန့်ခွဲရေး
(၁-၂-၁) ဆေးရုံအုပ်ချုပ်ရေးလုပ်ငန်းများကို ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊
(၁-၂-၂) ဆေးရုံ/ဆေးခန်းများနှင့် ကျန်းမာရေးဌာနများတွင် လိုအပ်သော ဝန်ထမ်း၊ အဆောက်အဦ၊ လုပ်ငန်းသုံးပစ္စည်း၊ လုပ်ငန်းသုံးဆေးဝါး များ … လုံလောက်စွာရှိရေးအတွက် အထက်အဆင့်ဌာနများသို့ တင်ပြတောင်းခံခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊ .
(၁-၂-၃) ဆေးရုံနှင့် ဆေးခန်းစွန့်ပစ်ပစ္စည်းများကို စနစ်တကျ သိမ်းဆည်း၊ စွန့်ပစ်ရန် ကြီးကြပ်ခြင်း၊
(၁-၂-၄) ရင်ခွဲရုံလုပ်ငန်းများကို လုပ်ထုံးလုပ်နည်းအတိုင်း တိကျစွာဆောင်ရွက်ခြင်း၊
(၁-၂-၅) ရာဇဝတ်မှုနှင့်ပတ်သက်သော လူနာများကို သတ်မှတ်ထားသော လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊
(၁-၂-၆) အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုစီမံချက် (Mass Casualty Plan) ရေးဆွဲ၍ အစမ်းလေ့ကျင့်ထားခြင်း (Drill)။
(၁-၃)ကွင်းဆင်းလုပ်ငန်းများ စီမံခန့်ခွဲရေး
(၁-၃-၁) မြို့နယ်အတွင်းရှိ ကျန်းမာရေးဌာနများ (အနည်းဆုံး(၂)ခု)သို့ လစဉ်ပုံမှန် ကွင်းဆင်းစစ်ဆေးခြင်း၊ မြို့နယ်ကျန်းမာရေးအရာရှိ၊ ကျန်းမာရေးမှူးအဆင့်(၁)နှင့် မြို့နယ်သူနာပြုဆရာမကြီးတို့၏ ကွင်းဆင်းလုပ်ငန်းများကို ကြီးကြပ်ပံ့ပိုးခြင်း၊
(၁-၃-၂) အခြေခံကျန်းမာရေးဝန်ထမ်းများအား ကြိုတင်ခရီးစဉ်အတိုင်း ကွင်းဆင်းလုပ်ငန်းများကို ဆောင်ရွက်စေရန် စီမံခန့်ခွဲခြင်းနှင့် ကြီးကြပ်ခြင်း၊
၂။ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ
(၂-၁) ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စီမံခန့်ခွဲရေးသာမက နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှပါ ပံ့ပိုးခြင်း၊
(၂-၂) အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ရေးလုပ်ငန်းများတွင် သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
(၂-၃) ပတ်ဝန်းကျင်နှင့် လုပ်ငန်းခွင်ကျန်းမာရေးလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်ခြင်း၊
(၂-၄) ဘေးအန္တရာယ်ကျရောက်ရာ ဒေသများတွင် အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး ခြင်း။
၃။ ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ
(၃-၁) ကူးစက်မြန်နှင့် ကူးစက်ရောဂါများ
(၃-၁-၁) ကူးစက်မြန်နှင့် ကူးစက်ရောဂါများ ဖြစ်ပွားမှုကို အမြဲမပြတ် စောင့်ကြပ်ကြည့်ရှုခြင်း(နယ်စပ်နှင့် အပြည်ပြည်ဆိုင်ရာဝင်ပေါက် ထွက်ပေါက်ဂိတ်များအပါအဝင်)နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်း များ ဆောင်ရွက်ခြင်း၊
(၃-၁-၂) ထူးခြားဖြစ်စဉ်နှင့် ကပ်ရောဂါအသွင် ဖြစ်ပေါ်လာပါက ကွင်းဆင်း ၍ ကနဦးစုံစမ်းစစ်ဆေးမှုပြုလုပ်ခြင်း၊ အထက်အဆင့်သို့ အချိန်နှင့် တစ်ပြေးညီ သတင်းပေးပို့ခြင်း။
(၃-၂) တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း
(၃-၂-၁) လုပ်ငန်းအစီအစဉ် ရေးဆွဲခြင်းကို ကြီးကြပ်ခြင်းနှင့် စီမံခန့်ခွဲခြင်း၊ ကာကွယ်ဆေးနှင့် လုပ်ငန်းသုံးပစ္စည်းများ စနစ်တကျ မှာယူထိန်း သိမ်းသုံးစွဲခြင်း၊
(၃-၂-၃) (၃)လတစ်ကြိမ် လုပ်ငန်းဆန်းစစ်ခြင်းနှင့် အကြံပြုသုံးသပ်ချက်များ ပြန်လည်ပေးခြင်း။
(၃-၃) စီမံကိန်းဝင်ရောဂါများ ကာကွယ်တိုက်ဖျက်ရေး
(၃-၃-၁) စီမံကိန်းဝင်ရောဂါများ တိုက်ဖျက်ရေး၊ ပပျောက်ရေး၊ လုံးဝကင်းစင် ပပျောက်ရေးလုပ်ငန်းများ (Control/Elimination/Eradication) စသည်တို့ကို သတ်မှတ်ချက်နှင့်အညီ အကောင်အထည်ဖော်ခြင်း၊ ကြီးကြပ်ခြင်း၊ ဆန်းစစ်ခြင်း၊ သတင်းပို့ခြင်း၊
(၃-၃-၂) အခြေခံကျန်းမာရေးဝန်ထမ်းများအား စီမံကိန်းဝင်ရောဂါများနှင့် ပတ်သက်၍ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပုဂ္ဂိုလ်တို့၏ အကူအညီ ဖြင့် ပုံမှန်/မွမ်းမံသင်တန်းများ စီစဉ်ပေးခြင်း၊ ပို့ချခြင်း၊
(၃-၃-၃) ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို (၃)လတစ်ကြိမ်ဆန်းစစ်ခြင်း၊ အကြံပြုသုံးသပ်ချက်များ ပြန်လည်ပေးခြင်း။
(၃-၄) မကူးစက်နိုင်သောရောဂါများ ကာကွယ်ကုသရေး
(၃-၄-၁) မကူးစက်နိုင်သောရောဂါများ ကာကွယ်ကုသရေးလုပ်ငန်းအစီအစဉ် များ ရေးဆွဲအကောင်အထည်ဖော်ခြင်း၊
(၃-၄-၂) အခြေခံကျန်းမာရေးဝန်ထမ်းများအား မကူးစက်နိုင်သော ရောဂါ များ ကာကွယ်ကုသရေးသင်တန်းများ ပို့ချခြင်း။
၄။ ကုသရေးလုပ်ငန်းများ
(၄-၁) ဆေးရုံ၊ ဆေးခန်းနှင့် ကျန်းမာရေးဌာနများ၏ ကုသမှုအရည်အသွေး (Quality of care) ကို စံချိန်စံညွှန်းများ (Standard of Care) အတိုင်း လိုက်နာဆောင်ရွက်စေရန် ကြီးကြပ်ခြင်း၊
(၄-၂) လူနာညွှန်းပို့စနစ် (Stepwise and Emergency Referral System) ကို မြို့နယ်ကျန်းမာရေးလုပ်ငန်းအဖွဲ့၏ ပံ့ပိုးမှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊
(၄-၃) အဓိကဆေးဝါးများနှင့် အထူးဆေးဝါးများကို စနစ်တကျမှာယူခြင်း၊ သို လှောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သုံးစွဲခြင်း၊ အလေအလွင့်မရှိအောင် ကြီးကြပ်ခြင်းနှင့် “Standard. Treatment Guideline" အတိုင်း စနစ်တကျ သုံးစွဲတတ်စေရန် ဝန်ထမ်းများအား လေ့ကျင့်သင်ကြားပေးခြင်း၊ လိုက်နာ မှု ရှိ/မရှိ ကြီးကြပ်ခြင်း၊
(၄-၄) သူနာပြုအရည်အသွေး မြင့်မားနေစေရေးအတွက် လေ့ကျင့်ပေးခြင်း၊ သူနာ ပြုလုပ်ငန်းများကို ကြီးကြပ်ခြင်း၊
(၄-၅) ဓါတ်မှန်နှင့် ဓါတ်ခွဲလုပ်ငန်းများ အရည်အသွေးတိုးတက်စေရန် စီမံခန့်ခွဲ ခြင်း၊
(၄-၆) သွေးနှင့် သွေးပစ္စည်းများ ပုံမှန်ရရှိနိုင်ရေးအတွက် စီမံဆောင်ရွက်ခြင်း။
Comments
Post a Comment