ဆီးချိုသွေးချိုရောဂါ ကုသခြင်း
"ဆီးချိုသွေးချိုရောဂါ ကုသခြင်း"
ဆီးချိုရောဂါလက္ခဏာများမှာ
👉ဆီးသွားများခြင်း
👉ရေငတ်ခြင်း
👉ကိုယ်အလေးချိန် ကျဆင်းခြင်းတို့ ဖြစ်ပါသည်။
👉Fasting Blood Sugar (FBS) 126 mg % နှင့် အထက်( နံနက်စာမစားမီ စစ်သည့် သွေးချို )
(သို့မဟုတ်)
👉Random Blood Sugar (RBS) 200 mg% နှင့်အထက် ( ကြိုက်သည့်အချိန် စစ်သည့် သွေးချို )
(သို့မဟုတ်)
👉၃-လ ပျမ်းမျှသွေးချို (HbA1c) 6.5 % နှင့်အထက်
(ဆီးချိုရောဂါလက္ခဏာရှိလျှင် သွေးချိုတစ်ကြိမ်များရုံနှင့် ရောဂါသတ်မှတ်နိုင်ပါသည်။ ဆီးချို ရောဂါလက္ခဏာမရှိလျှင် ၂-ကြိမ် စစ်ဆေးပြီး များလျှင် ဆီးချိုသွေးချိုရောဂါဟု သတ်မှတ်သည်။)
ကုသခြင်း
Monotherapy (ဆေးတစ်မျိုးဖြင့် ကုသခြင်း)
၁။ ကြိုက်သည့်အချိန်စစ်သည့် သွေးချို 250 mg % အောက်ဖြစ်လျှင် ဆေးတစ်မျိုးထဲဖြင့် ကုသနိုင်ပါသည်။
Metformin 500 mg တစ်နေ့နှစ်ကြိမ်နှင့် စ၍ပေးပါမည်။ (အစာနှင့်သောက်ရန်)
တစ်ပတ်အကြာတွင် သွေးချိုမကျလျှင် ဆေးပမာဏကို တိုးနိုင်ပါသည်
အများဆုံးပေးနိုင်သည့်ပမာဏ 3000 mg ( 500 mg ၂-လုံး ၃-ကြိမ်)
အများဆုံးပေးနိုင်သည့်အကြိမ် (၁)ရက်လျှင် ၃-ကြိမ် ခွဲပေးနိုင်သည်။
ပုံမှန်ဆက်လက် သောက်နိုင်သည့်ပမာဏ - 2000 mg ( 500 mg ၂ လုံး ၂-ကြိမ်)
Metformin ၏ ဘေးထွက်ဆိုးကျိုးများ မခံနိုင်လျှင် (သို့) Metformin နှင့် မသင့်လျော် လျှင် Gliclizide 80 mg တစ်နေ့ တစ်ကြိမ် မှ နှစ်ကြိမ် အများဆုံးပေးနိုင်ပါသည်။ တစ်ခါသောက် ၂-လုံး တစ်နေ့ နှစ်ကြိမ် (320 rmg) ထိ ပေးနိုင်ပါသည်။
Combination Therapy (ဆေးနှစ်မျိုးဖြင့် ကုသခြင်း)
၂. ကြိုက်သည့်အချိန်စစ် သွေးချို 250 mg to 350 mg % ဖြစ်လျှင် ဆေးနှစ်မျိုးပေါင်း၍ ပေးရမည်။ Metformin 500 mg တစ်နေ့နှစ်ကြိမ်နှင့် Gliclizide 80 mg တစ်နေ့ ၂-ကြိမ် ပေးနိုင်သည်။ သွေးချိုပမာဏပေါ် မူတည်၍ ဆေးကိုတိုး၍ ရပါသည်။ အများဆုံး Gliclizide 80 mg ၂-လုံး ၂-ကြိမ် (320 mg) နှင့် Metformin (500 mg) ၂-လုံး ၃ ကြိမ် (3000 mg) ပေး နိုင်ပါသည်။
ဆီးချိုသွေးချိုရောဂါ ကုသခြင်း
Treatment Algorithm (ဆေးပေးကုသမှု ဇယား)
Metformin or Gliclazide (if RBS < 250 mg/dl)
(သွေးချိုပမာဏ မထိန်းနိုင်လျှင်)👇👇👇
Metformin + Gliclazide (if RBS >250-350)
(သွေးချိုပမာဏ မထိန်းနိုင်လျှင်)👇👇👇
Referral (if RBS >350)
ဆီးချိုကျဆေးများနှင့် ပတ်သက်၍ သတိထားရမည့်အချက်များ
Metformin
ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း
ကျောက်ကပ်အဆိပ်တက် (Serum Creatinine 1.5 mg % ထက်များလျှင် Metformin ကို မသုံးသင့်ပါ။
Metformin သုံးလက်စ လူနာတွင် ကျောက်ကပ်အဆိပ်တက် (Serum Creatinine 1.5 mg %) ထက်များလာလျှင် ဆေးရပ်ရန်။
Gliclizide
ကိုယ်အလေးချိန် တက်ခြင်း၊ သွေးချိုကျလွန်းခြင်း၊
ဆေးကုသမပေးထားသည့် လူနာများတွင် ရှိသင့်သည့်သွေးချိုပမာဏ
👍 Fasting Blood Sugar (FBS) (80-130 mg %)
ည (၁၀)နာရီနောက်ပိုင်း မည်သည့်အစာမှ မစားဘဲ (ရေသောက်နိုင်) နံနက် (၇)နာရီ သွေးချို
👍 2-hour postprandial (2HPP) ( 180 mg ) အောက်
စားပြီး ၂-နာရီ
👍 Random Blood Sugar (RBS) ( 200 mg %) အောက်
ကြိုက်သည့်အချိန်စစ်
👍 ၃-လ ပျမ်းမျှသွေးချို (HbA1c) (7 %) အောက်
သွေးတွင်းအချိုဓာတ် လျော့နည်းခြင်း
ရောဂါလက္ခဏာများ
*ခေါင်းမူးခြင်း၊ ချွေးစေးပြန်ခြင်း၊ ဆာလောင်ခြင်း
*တက်ခြင်း၊ သတိလစ်ခြင်း
(အထက်ပါ ရောဂါလက္ခဏာများရှိလျှင် ချက်ချင်း သွေးချိုစစ်ရန်)
သွေးချိုဓာတ်စစ်ဆေး၍ သွေးချို 70 mg % အောက်ကျနေလျှင်
*သကြားရည်သောက်ခြင်း (သို့) 50 % Glucose ၂-လုံးကို သွေးကြောတွင်း ထိုးခြင်းပြုလုပ်ရမည်။
*သောက်လက်စဆေးများ၊ အစားအစာများကို ပြန်လည်စစ်ဆေးရမည်။
Comments
Post a Comment