Duty and Responsibility of PHS2
ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂)သည် သားဖွားဆရာမနှင့် တွဲဖက်လျှက် ရောဂါ ကာကွယ်နှိမ်နင်းရေးနှင့် ပတ်ဝန်းကျင်ကျန်းမာရေးလုပ်ငန်းများကို အဓိက တာဝန်ယူ ဆောင်ရွက်ရပါသည်။
၁။ အဓိက ဆောင်ရွက်ရမည့် လုပ်ငန်းများ
(၁-၁) ကူးစက်မြန်နှင့်ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေး၊
(၁-၂) ဘေးအန္တရာယ်နှင့် အရေးအပေါ်ကျန်းမာရေးအခြေအနေ စီမံခန့်ခွဲခြင်း၊
(၁-၃) စီမံကိန်းဝင်ရောဂါတိုက်ဖျက်ရေး၊
(၁-၄) မကူးစက်နိုင်သောရောဂါများ ကာကွယ်ကုသရေး၊
(၁-၅) ပတ်ဝန်းကျင်နှင့် လုပ်ငန်းခွင် ကျန်းမာရေးလုပ်ငန်းများ၊
(၁-၆) ကျန်းမာရေးအသိပညာမြှင့်တင်ရေးလုပ်ငန်း၊
(၁-၇) ကျန်းမာရေးစာရင်းအင်း အချက်အလက်များ ကောက်ယူခြင်း၊ စုစည်းတင်ပြခြင်း။
၂။ ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများ
(၂-၁) မိခင်၊ မွေးကင်းစနှင့်(၅)နှစ်အောက်ကလေးကျန်းမာဖွံ့ဖြိုးရေး၊ မျိုးဆက်ပွား ကျန်းမာရေးလုပ်ငန်း၊
(၂-၂) အာဟာရဖွံ့ဖြိုးရေးလုပ်ငန်း၊
(၂-၃) ကျောင်းကျန်းမာရေးလုပ်ငန်း၊
(၂-၄) တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၊
(၂-၅) ဆေးခန်းတွင် ဆေးကုသရေးလုပ်ငန်း၊
(၂-၆) သွားနှင့်ခံတွင်းဆိုင်ရာ ကာကွယ်ရေးလုပ်ငန်း။
၃။ တာဝန်ဝတ္တရားများကို လွှဲပြောင်းထမ်းဆောင်ခြင်း (Task Shifting) သားဖွားဆရာမ ရက်ရှည်ခွင့်ယူခြင်း၊ လစ်လပ်နေခြင်းရှိပါက မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး၏ အစီအမံဖြင့် သားဖွားဆရာမ၏ တာဝန်ဝတ္တရားများကို လွှဲပြောင်းထမ်းဆောင်ရမည်။
ဥပမာ
- ကာကွယ်ဆေးထိုးလုပ်ငန်း၊
- သားဆက်ခြားလုပ်ငန်း၊
- အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ စသည်တို့ဖြစ်ပါသည်။
Comments
Post a Comment