Duty and Responsibility of THN
မြို့နယ်သူနာပြုဆရာမကြီးသည် သူနာပြုနှင့် သားဖွားလုပ်ငန်းများကို ကြီးကြပ်ရန် တာဝန်ရှိပါသည်။
၎င်း၏ အဓိကတာဝန်ဝတ္တရားများမှာ -
၁။ စီမံခန့်ခွဲရေးလုပ်ငန်းနှင့်
၂။ ပြည်သူ့ကျန်းမာရေးလုပ်ငန်းတို့ ဖြစ်ပါသည်။
၁။ စီမံခန့်ခွဲရေးလုပ်ငန်း
(၁-၁) သူနာပြုများ၊ အမျိုးသမီးကျန်းမာရေးဆရာမနှင့် သားဖွားဆရာမတို့၏ အင်အားစာရင်း၊ ကိုယ်ရေးအချက်အလက်များကို ပြုစု၍ မှတ်တမ်းတင် ခြင်း၊ အထက်သို့ အစီရင်ခံခြင်း၊
(၁-၂) သူနာပြု၊ သားဖွားကျင့်ဝတ်နှင့်အညီ လိုက်နာကျင့်သုံးနိုင်စေရန် လမ်းညွှန် ခြင်း၊ ကြီးကြပ်ခြင်း၊
(၁-၃) သူနာပြု၊ သားဖွားများကို ဝန်ထမ်းစည်းကမ်း လိုက်နာစေရန် ကြီးကြပ် ခြင်း၊ စည်းကမ်းမလိုက်နာပါက အထက်အရာရှိထံ တင်ပြခြင်း၊
(၁-၄) စဉ်ဆက်မပြတ် သူနာပြုပညာ တိုးတက်ရေး ဆောင်ရွက်ခြင်း (Continuing Nursing Education: CNE)၊
(၁-၅) မြို့နယ်သင်ကြားရေးအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခြင်း။
၂။ ပြည်သူ့ကျန်းမာရေးလုပ်ငန်း
(၂-၁) အဓိက တာဝန်ယူ ကြီးကြပ်ရမည့် လုပ်ငန်းများ
(၂-၁-၁) မိခင်၊ မွေးကင်းစနှင့် ကလေးကျန်းမာဖွံ့ဖြိုးရေး လုပ်ငန်းများ၊
(၂-၁-၂) မျိုးဆက်ပွားကျန်းမာရေးလုပ်ငန်းများ (Logistic Management အပါအဝင်)၊
(၂-၁-၃) အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းများ၊
(၂-၁-၄) ကျန်းမာရေးအသိပညာ မြှင့်တင်ရေးလုပ်ငန်းများ၊
(၂-၁-၅) တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၊
(၂-၁-၆) မိမိမြို့နယ်ရှိ ဒေသန္တရကျန်းမာရေးဌာန၊ မိခင်နှင့်ကလေးကျန်းမာ ရေးဌာနနှင့် ကျေးလက်ကျန်းမာရေးဌာန/ဌာနခွဲများသို့ လစဉ် ကွင်းဆင်းစစ်ဆေးခြင်း။
(၂-၂) ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများ
(၂-၂-၁) ကျောင်းကျန်းမာရေးလုပ်ငန်းများ၊
(၂-၂-၂)သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများ၊
(၂-၂-၃) ကူးစက်မြန်နှင့် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းခြင်းလုပ်ငန်းများ၊
(၂-၂-၄) စီမံကိန်းဝင်ရောဂါ ကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းများ၊
(၂-၂-၅) လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင် ကျန်းမာရေးလုပ်ငန်းများ၊
(၂-၂-၆) ဖွား/သေမှတ်ပုံတင်ခြင်းလုပ်ငန်းများ။
Comments
Post a Comment