NCD Status

မြန်မာနိုင်ငံတွင် မကူးစက်နိုင်သော ရောဂါများ၏ လက်ရှိအခြေအနေ

မကူးစက်နိုင်သောရောဂါများ (NCDs) ဆိုသည်မှာ လူတစ်ဦးမှတစ်ဦးသို့ ရောဂါ ကူးစက်ခြင်းကြောင့်မဟုတ်ဘဲ ကျန်းမာရေးနှင့် မညီညွတ်သော လူမှုဘဝနေထိုင်မှုပုံစံများတွင် ကြာရှည်စွာ စားသောက်နေထိုင်ထိတွေ့ နေရခြင်းကြောင့် ဖြစ်ပေါ်လာသောရောဂါများကို ခေါ်ပါသည်၊

အဓိကမကူးစက်နိုင်သောရောဂါများ (Major NCDs) များမှာ -

၁။ သွေးတိုး (Hypertension) နှင့် နှလုံးသွေးကြောကျဉ်းရောဂါ 

၂။ ဆီးချိုသွေးချိုရောဂါ (Diabetes Mellitus-DM)

၃။ ကင်ဆာရောဂါ (Cancer) နှင့်

၄။ နာတာရှည်အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (Chronic Respiratory Disease-CRD) တို့ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၁၂-ခုနှစ်အတွင်း ကောက်ယူရရှိသောကျန်းမာရေးစာရင်း ဇယားများအရ သေဆုံးရခြင်းအကြောင်းအရင်းများ၏ (၅၉)ရာခိုင်နှုန်းမှာ မကူးစက်နိုင်သော ရောဂါကြောင့်ဖြစ်ပြီး အဆိုပါသေဆုံးမှုများအနက် (၂၅) ရာခိုင်နှုန်းမှာ နှလုံးသွေးကြောရောဂါများ၊ (၁၁) ရာခိုင်နှုန်းမှာ ကင်ဆာရောဂါများ၊ (၉) ရာခိုင်နှုန်းမှာ နာတာရှည်အဆုတ်နှင့် အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါများနှင့် (၃) ရာခိုင်နှုန်းမှာ ဆီးချိုသွေးချိုရောဂါများကြောင့် ဖြစ်ပါသည်။ မကူးစက်နိုင် သောရောဂါကြောင့် သေဆုံးသူများ၏ (၅၄) ရာခိုင်နှုန်းမှာ အသက် (၇၀)နှစ်အောက်ဖြစ်ပါသည်။ ကင်ဆာရောဂါအနေဖြင့် မြန်မာနိုင်ငံတွင် အမျိုးသမီးများ၌ အဖြစ်များသော ကင်ဆာ ရောဂါ(၃)မျိုးမှာ ရင်သား၊ သားအိမ်ခေါင်းနှင့် အဆုတ်၊ ကင်ဆာများဖြစ်ပြီး အမျိုးသားများတွင် အဆုတ်၊ အသည်းနှင့် အစာအိမ်ကင်ဆာ အများဆုံးဖြစ်ပွားပါသည်။ 

မကူးစက်နိုင်သော ရောဂါ ဖြစ်ပွားစေသော အဓိကအကြောင်းအရင်းများမှာ ဆေးလိပ်သောက်ခြင်း (၂၆. ၁ ရာခိုင်နှုန်း)၊ ကိုယ်အလေးချိန်တက်ခြင်း အမျိုးသားများ (၁၄. ၁ ရာခိုင်နှုန်း) နှင့် အမျိုးသမီး (၃၁ ရာခိုင်နှုန်း) သွေးတိုးခြင်း (၂၆. ၄ ရာခိုင်နှုန်း) သွေးတွင်းအဆီများခြင်း (၃၆. ၇ ရာခိုင်နှုန်း)နှင့် အရက် သောက်ခြင်း (၁၉. ၈ ရာခိုင်နှုန်း) ဖြစ်ပါသည်။ ၂၀၁၃ - ၂၀၁၄ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် (STEP Survey) စစ်တမ်းမှ ရရှိသည့်အဖြေများကို အောက်ပါဇယားတွင် ဖော်ပြထားပါသည်။




၂-၁-၂ မကူးစက်နိုင်သော ဧရာဂါရှားဖွစစ်ဆေးခြင်း (NCD Screening) လုပ်ငန်း ဆောင်ရွက်ရသည့် အကြောင်းအရင်းများ

ဤလုပ်ငန်းလုပ်ဆောင်ရသည့် အဓိကအကြောင်းအရင်းမှာ ရောဂါရှိသော်လည်း

ရောဂါလက္ခဏာ မပြသောလူများ၌ ရောဂါရှာဖွေစစ်ဆေးခြင်းဖြင့် မကူးစက်နိုင်သောရောဂါများကို စောစီးစွာ ရှာဖွေတွေ့ရှိကုသနိုင်ပြီး ပိုမိုပြင်းထန်သောရောဂါနှင့် နောက်ဆက်တွဲ ပြဿနာများကို

ရှောင်လွှဲနိုင်ရန် ဖြစ်ပါသည်။

၂-၂ မကူးစက်နိုင်သောရောဂါများ ရှာဖွေစစ်ဆေးခြင်း လုပ်ငန်းအဆင့်ဆင့်

(NCD Screening)

(၁) မှတ်ပုံတင်ခြင်း။

(၂) အရပ်၊ ကိုယ်အလေးချိန် တိုင်းတာခြင်း၊ BMI တွက်ချက်ခြင်းနှင့် ခါးအရွယ်အစားတိုင်းတာခြင်း။

(၃) စားသောက်နေထိုင်ပြုမူမှုနှင့်ဆိုင်သော မေးခွန်းမေးခြင်းနှင့် သွေးပေါင်ချိန်တိုင်းခြင်း။

(၄) သွေးတွင်းအချိုဓါတ်ပါဝင်မှု တိုင်းတာခြင်း။

(၅) နှလုံးသွေးကြောရောဂါအန္တရာယ် ခန့်မှန်းတွက်ချက်ခြင်းနှင့် သင့်လျော်သော ကုသမှုပေးခြင်း။

၂-၃ မကူးစက်နိုင်သောရောဂါ ရှာဖွေစစ်ဆေးခြင်းဆောင်ရွက်ရာတွင် လိုက်နာရန် အရေးကြီးသော အချက်အလက်များ

(၁) လူနာများ ရောဂါစစ်ဆေးခံယူမှုပြီးပါက မှတ်ပုံတင်ဌာနသို့ ပြန်လာ၍ ကျန်းမာရေး ဝန်ထမ်းမှ စစ်ဆေးတွေ့ရှိချက်များကို ဆေးမှတ်တမ်းတွင် မှတ်တမ်းတင် ပြီး/မပြီး စစ်ဆေးပြီးမှ ထွက်ခွာရန်။

(၂) ရောဂါစစ်ဆေးခံသူအား ရောဂါတွေ့ ရှိပြီး အထက်အဆင့်သို့ ညွှန်းပို့ခံရပါက လူနာ ညွှန်းပို့ပုံစံကို ကုသမျှခံယူအပြီးတွင် သက်ဆိုင်ရာ ကျန်းမာရေးဋ္ဌာနသို့ ပြန်လည် ယူဆောင်လာရန်အတွက် ညွှန်ကြားရန်။



Comments

Popular posts from this blog

Duty and Responsibility of SMO

Duty and Responsibility of TMO

ဆီးချိုသွေးချိုရောဂါ ကုသခြင်း