Duty and Responsibility of HA
ကျန်းမာရေးမှူးသည် ကျေးလက်ကျန်းမာရေးဌာနကို တာဝန်ယူ ဆောင်ရွက် ရပါသည်။ ကျန်းမာရေးမှူး၏ တာဝန်ဝတ္တရားများမှာ -
၁။ စီမံခန့်ခွဲရေးလုပ်ငန်း၊
၂။ ပြည်သူ့ကျန်းမာရေးလုပ်ငန်း၊
၃။ ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်း၊
၄။ ကုသရေးလုပ်ငန်းတို့ ဖြစ်ပါသည်။
၁။ စီမံခန့်ခွဲရေးလုပ်ငန်း (၁-၁) အထွေထွေ စီမံခန့်ခွဲရေး
(၁-၁-၁) မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးကို တာဝန်ခံ၍ ကျေးလက်ကျန်းမာရေးဌာန ပင်မဆေးခန်း၊ ဌာနခွဲဆေးခန်းများနှင့် နေအိမ် များတွင် ဝန်ထမ်းများကို စနစ်တကျ နေရာချထားပေးခြင်း၊ အဆင် ပြေအောင် စီစဉ်ပေးခြင်း၊
(၁-၁-၂) ဝန်ထမ်းများ စည်းကမ်းလိုက်နာစေရန် ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်း ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ခြင်း။
(၁-၁-၃) အဆောက်အဦများနှင့် လုပ်ငန်းသုံးပစ္စည်းများ ထိန်းသိမ်းခြင်း၊ ပြုပြင်ရန် (သို့) အသစ်တောင်းခံရန်ရှိပါက အဆင့်ဆင့် တင်ပြ တောင်းခံခြင်း၊
(၁-၁-၄) ဆေးခန်းဝန်းကျင်စိမ်းလန်းစိုပြေရေး၊ သန့်ရှင်းရေး၊ ဆိုင်းဘုတ်၊ အလံတိုင်၊ အဝင်အထွက်လမ်းများ ကောင်းမွန်ရေးအတွက် အစဉ် အမြဲ ကြပ်မတ်ဆောင်ရွက်ခြင်း၊
(၁-၁-၅) ကျေးလက်ကျန်းမာရေးဌာနတွင် အောက်ပါတို့ကို ချိတ်ဆွဲပြသထားခြင်း -
> နယ်မြေ၏ ဒေသဆိုင်ရာအချက်အလက်များ (ကျေးရွာ၊ လှည်းလမ်း၊ ကားလမ်း၊ မီးရထားလမ်း၊ ကျောင်း၊ ဌာနခွဲ စသည် ပါဝင်သည့် မြေပုံကြီးတစ်ချပ်၊
> ကျေးလက်ကျန်းမာရေးဌာန ဖွဲ့စည်းပုံနှင့် ဝန်ထမ်းအင်အား၊
> လူဦးရေဆိုင်ရာ အချက်အလက်များ၊
> တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း အခြေအနေပြဇယား၊
> ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ရေထွက်ပင်ရင်း အခြေအနေပြဇယား၊
> နယ်မြေ၏ ကျန်းမာရေးဆိုင်ရာ အညွှန်းကိန်းများကို နှစ်အလိုက်ဖော်ပြသည့်ဇယား (သို့) ဂရပ်၊
> ကျန်းမာရေးပညာ ပိုစတာများ။
(၁-၁-၆) မှတ်တမ်းများ၊ မှတ်ပုံတင်စာအုပ်၊ ညွှန်ကြားလွှာ၊ အစီရင်ခံစာများ စသည်တို့ကို ဖိုင်တွဲများ ဖြင့် စနစ်တကျထားခြင်း၊
(၁-၁-၇) ကျေးလက်ကျန်းမာရေးဌာန လပါတ်အစည်းအဝေးကို လတစ်လ၏ နောက်ဆုံးပတ်တွင် ပုံမှန်ကျင်းပခြင်း၊ တစ်ဦးချင်း၏ လချုပ်များ ကို စုစည်း၍ ဌာနလချုပ်ကို ပြုစုပြီးနောက် အချိန်မီပေးပို့ခြင်း၊
(၁-၁-၈) ဖွား/သေမှတ်ပုံတင်လုပ်ငန်းကို လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်ခြင်း၊
(၁-၁-၉) ကျေးရွာအုပ်စု ကျန်းမာရေးလုပ်ငန်းအဖွဲ့များ၊ မိတ်ဖက်စေတနာ့ ဝန်ထမ်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်းကျန်းမာရေး လုပ်သားများနှင့်ပူးပေါင်းဆောင်ရွက်ခြင်း၊
(၁-၁-၁၀) မိမိဌာနနှင့်ပတ်သက်သော ဆေးနှင့်ဆေးပစ္စည်း၊ ငွေရေး ကြေးရေးကိစ္စများကို စီမံခန့်ခွဲခြင်း၊အစီရင်ခံခြင်း၊
(၁-၁-၁၁) ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများမှ ထွက်သော စွန့်ပစ်ပစ္စည်း များကို စီမံခန့်ခွဲခြင်း။
(၁-၂) ကွင်းဆင်းမှုဆိုင်ရာ စီမံခန့်ခွဲရေး
(၁-၂-၁) ကျန်းမာရေးမှူးနှင့် အမျိုးသမီးကျန်းမာရေးဆရာမတို့သည်အလှည်ကျ ကွင်းဆင်း၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ကြီးကြပ်ခြင်းနှင့် ပံ့ပိုးပေးခြင်း၊
(၁-၂-၂) လက်အောက်ခံဝန်ထမ်းများသည် ကြိုတင်ခရီးစဉ်အတိုင်း ကွင်း ဆင်းခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ဝန်ထမ်းများ စည်းကမ်းဖောက်ဖျက် မှု၊ လုပ်ငန်းအားနည်းမှုတွေ့ရှိပါက မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးထံ အစီရင်ခံခြင်း၊
(၁-၂-၃) ကွင်းဆင်းချိန်တွင် စေတနာ့ဝန်ထမ်း ကျန်းမာရေးလုပ်သားများ၏ လုပ်ငန်းဆောင်ရွက်မှုကို ကြီးကြပ်ခြင်း၊ ပံ့ပိုးကူညီ ဆောင်ရွက် ခြင်း။
(၁-၃) ပြည်သူ့ကျန်းမာရေးဆိုင်ရာ စီမံခန့်ခွဲရေး
(၁-၃-၁) ကျေးလက်ကျန်းမာရေးဌာန၏ “လုပ်ငန်းအစီအစဉ်” ကို ပြည်သူလူထုနှင့်အတူ ပူးပေါင်းရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်းနှင့် ကြီးကြပ်ခြင်း၊
(၁-၃-၂) ကျေးလက်ကျန်းမာရေးဌာန၏ လုပ်ငန်းများကို (၃)လတစ်ကြိမ် ဆန်းစစ်ဆွေးနွေးခြင်း၊
၂။ ပြည်သူ့ကျန်းမာရေးလုပ်ငန်း
အောက်ပါ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်ရမည် -
(၂-၁) မိခင်၊ မွေးကင်းစနှင့် ကလေးကျန်းမာဖွံ့ဖြိုးရေး၊ မျိုးဆက်ပွား ကျန်းမာရေး လုပ်ငန်း၊
(၂-၂) အာဟာရဖွံ့ဖြိုးရေးလုပ်ငန်း၊
(၂-၃) ကျောင်းကျန်းမာရေးလုပ်ငန်း၊
(၂-၄) ပတ်ဝန်းကျင်ကျန်းမာရေးလုပ်ငန်း၊
(၂-၅) ပဏာမ သွားနှင့်ခံတွင်းကျန်းမာရေးလုပ်ငန်း၊
(၂-၆) လုပ်ငန်းခွင်ကျန်းမာရေးလုပ်ငန်း၊
(၂-၇) အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးလုပ်ငန်း၊
(၂-၈) ကျန်းမာရေးအသိပညာမြှင့်တင်ရေးဆိုင်ရာလုပ်ငန်း၊
၃။ ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်း
အောက်ပါရောဂါနှိမ်နင်းရေးလုပ်ငန်းများကို ဦးဆောင်တာဝန်ယူ ဆောင်ရွက်ရ မည် - ၊
(၃-၁)ကူးစက်မြန်နှင့် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးလုပ်ငန်း
(၃-၂) စီမံကိန်းဝင်ရောဂါများ တိုက်ဖျက်ရေးလုပ်ငန်း၊
(၃-၃) တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၊
(၃-၄) ဘေးအန္တရာယ်နှင့် အရေးပေါ်ကျန်းမာရေးအခြေအနေ စီမံခန့်ခွဲခြင်း၊
(၃-၅) မကူးစက်နိုင်သောရောဂါများ ကာကွယ်ကုသရေးလုပ်ငန်း။
၄။ ကုသရေးလုပ်ငန်း
(၄-၁) ကျေးလက်ကျန်းမာရေးဌာနပင်မတွင် ဆေးခန်းဖွင့်လှစ်၍ အမျိုးသမီးကျန်းမာရေးဆရာမနှင့် အလှည့်ကျ ပုံမှန် ကုသရေးလုပ်ငန်း ဆောင်ရွက်ခြင်း၊
(၄-၂) အခြေခံကျသည့် မရှိမဖြစ်လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ (Basic EPHS) ကို လူထုလက်လှမ်းမီအောင် စီစဉ် ဆောင်ရွက်ခြင်း၊
(၄-၃) ဆေးကုသရာတွင် မိမိအား သင်ကြားထားသည့်အဆင့်နှင့် တာဝန်ပေးချက်အတိုင်းအတာအထိသာ ဆောင်ရွက်ပေးခြင်း၊
(၄-၄) အရေးအပေါ်လူနာများကို လိုအပ်သလို ကုသမှုပေး၍ အထက်အဆင့်သို့ ညွှန်းပို့ခြင်း၊
(၄-၅) ရာဇဝတ်မှုနှင့်ပတ်သက်သော လူနာများကို ရှေးဦးသူနာပြုစု၍ အထက် အဆင့်သို့ ညွှန်းပို့ခြင်း၊
(၄-၆) မြွေကိုက်လူနာများကို ရှေးဦးပြုစုခြင်းနှင့်အတူ (Initial Treatment with ASV) ပေးပြီး သက်ဆိုင်ရာသို့ အမြန်ညွှန်းပို့ခြင်း။
Comments
Post a Comment