Duty and Responsibility of SMO

တိုက်နယ်ဆရာဝန်၏ တာဝန်ဝတ္တရားများမှာ -

၁။ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးလုပ်ငန်းများ၊

၂။ ပြည်သူ့ကျန်းမာရေးနှင့် ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ၊

 ၃။ ကုသရေးလုပ်ငန်းတို့ ဖြစ်ကြပါသည်။

အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးလုပ်ငန်းများ

(၁-၁) မြို့နယ်ကျန်းမာရေးလုပ်ငန်းအဖွဲ့ (THWG) တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခြင်း၊

(၁-၂) မြို့နယ်သင်ကြားရေးအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခြင်း၊

(၁-၃) တိုက်နယ်ဆေးရုံ စီမံခန့်ခွဲမှုကော်မတီ ဖွဲ့စည်း၍ ကုသရေးနှင့် ဝန်ထမ်းရေး ရာကိစ္စများ ဆောင်ရွက်ခြင်း၊

(၁-၄) ဝန်ထမ်းများအား လုပ်ငန်းတာဝန် ခွဲဝေသတ်မှတ်ပေးခြင်း၊

(၁-၅) ဝန်ထမ်းအင်အား၊ အဆောက်အဦအခြေအနေ၊ ပစ္စည်းကိရိယာ၊ ဆေးဝါး

များ ပြည့်စုံခြင်း ရှိ/မရှိ ကြီးကြပ်ခြင်းနှင့် မြို့နယ်သို့ တင်ပြခြင်း၊

 (၁-၆) လုပ်ငန်းဆိုင်ရာ စာရင်းဇယားများ၊ လချုပ်များ၊ အစီရင်ခံစာများကို စစ်ဆေးခြင်း၊ သုံးသပ်ခြင်း၊ မြို့နယ်သို့ အစီရင်ခံခြင်း၊

(၁-၇) ဆေးရုံ/ဆေးခန်း၊ လူနာဆောင်၊ ခွဲစိတ်ခန်းနှင့် သားဖွားခန်းများ သန့်ရှင်းရေး၊ စွန့်ပစ်ပစ္စည်းကိစ္စ စသည်တို့ကို စီမံခန့်ခွဲခြင်း၊ ကြီးကြပ်ခြင်း၊

 (၁-၈) တိုက်နယ်ကျန်းမာရေးဌာနလုပ်ငန်းများကို လစဉ်ပုံမှန် စောင့်ကြပ်ကြည့်ရှုခြင်း၊ ဆန်းစစ်ခြင်း၊ အထက်အဆင့်သို့ တင်ပြခြင်း၊

 (၁-၉) တိုက်နယ်အတွင်းရှိ ... ကျန်းမာရေးဌာန/ဌာနခွဲအားလုံးသို့ “တစ်လလျှင် အနည်းဆုံး တစ်ကြိမ်” ပုံမှန်ကွင်းဆင်း၍ စစ်ဆေးခြင်း၊ မြို့နယ်သို့ အစီရင် ခံခြင်း၊

(၁-၁၀) )မြို့နယ်လပတ်အစည်းအဝေးနှင့် CME များကို ပုံမှန်တက်ရောက်ခြင်း။


၂။ ပြည်သူ့ကျန်းမာရေးနှင့် ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ

(၂-၁) ပြည်သူ့ကျန်းမာရေးနှင့် ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို မိမိ ဌာနရှိ သက်ဆိုင်ရာ အခြေခံကျန်းမာရေးဝန်ထမ်းများအား တာဝန်ပေး၍ ကြီးကြပ်ဆောင်ရွက်ခြင်း၊

(၂-၂) အားလုံးပါဝင်သော မြို့နယ်ကျန်းမာရေးစီမံကိန်းပါ မိမိဌာန ဆောင်ရွက်ရန် ကိစ္စရပ်များကို အောင်မြင်အောင် အကောင်အထည်ဖေါ်ခြင်း၊ ကြီးကြပ်ခြင်း၊

 (၂-၃) စီမံကိန်းဝင်ရောဂါများ တိုက်ဖျက်ရေးလုပ်ငန်းတွင် လျာထားချက်၊ ရည်မှန်းချက်ပြည့်မီရေးအတွက် တာဝန်ခံဆောင်ရွက်ခြင်း၊

 (၂-၄) ထူးခြားဖြစ်စဉ်နှင့် ကပ်ရောဂါဖြစ်ပွားချိန်များတွင် TMO ထံ ချက်ချင်း သတင်းပို့၍ Rapid Response Team ဖြင့် တုံ့ပြန်ဆောင်ရွက်ခြင်း၊

(၂-၅) ဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းကို ကိုယ်တိုင်ဦးဆောင်၍ ဆောင်ရွက်ခြင်း၊

 (၂-၆) ပတ်ဝန်းကျင်နှင့် လုပ်ငန်းခွင်ကျန်းမာရေးလုပ်ငန်း ဆောင်ရွက်ခြင်း၊ ကြီးကြပ်ခြင်း၊

(၂-၇) ကျန်းမာရေးဌာနများမှထွက်သော စွန့်ပစ်ပစ္စည်းများကို စနစ်တကျသိမ်းဆည်းစွန့်ပစ်တတ်စေရန် ဝန်ထမ်းများအား အသိပညာပေးခြင်း၊ လက်တွေ့ လိုက်နာဆောင်ရွက်စေရန် ကြပ်မတ်ခြင်း၊

 (၂-၈) ပြည်သူ့ကျန်းမာရေးလုပ်ငန်းများနှင့် ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်း လချုပ်အစီရင်ခံစာများကို စစ်ဆေးတင်ပြခြင်း။

၃။ ကုသရေးလုပ်ငန်း

(၃-၁) ဆေးရုံ၊ ဆေးခန်းနှင့် ကျန်းမာရေးဌာနများ၏ ကုသမှုအရည်အသွေး (Quality of care) ကို စံချိန်စံညွှန်းများ (Standard of Care) အတိုင်း လိုက်နာဆောင်ရွက်ခြင်း၊ ကြီးကြပ်ခြင်း၊

(၃-၂) အခြေခံကျသည့် မရှိမဖြစ်လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း တွင် ပါဝင်သည့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို တိုက်နယ်ဆေးရုံ၊ ကျေးလက်ကျန်းမာရေးဌာန/ဌာနခွဲအားလုံးက အဆင်သင့်ဖြစ်အောင်၊ ပေးစွမ်းနိုင်အောင် စီမံခြင်း၊ ကြီးကြပ်ခြင်း၊

(၃-၃) လူနာညွှန်းပို့စနစ် ပီပြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊

(၃-၄) အဓိကဆေးဝါး၊ အထူးဆေးဝါးများ လက်ခံခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲ ခြင်း စသည်တို့ စနစ်ကျနမှု ရှိ/မရှိ စစ်ဆေးခြင်း၊ စံညွှန်းကုထုံး လမ်းညွှန် ချက် (Standard Treatment Guideline) အတိုင်း သုံးစွဲတတ်စေရန် ဝန်ထမ်းများကို လေ့ကျင့်သင်ကြားပေးခြင်း၊

(၃-၅) ရဲမှုခင်းကိစ္စ၊ ရင်ခွဲရုံကိစ္စများနှင့်ပတ်သက်၍ လမ်းညွှန်ချက်များ၊ လုပ်ထုံး လုပ်နည်းများအတိုင်း ဆောင်ရွက်ခြင်း၊

(၃-၆) ဓါတ်ခွဲခန်းနှင့် ဓါတ်မှန်ခန်း ပုံမှန်လည်ပတ်နေအောင် စီမံခြင်း၊ ကြီးကြပ်ခြင်း၊

(၃-၇) ဆေးရုံလချုပ် အစီရင်ခံစာများ စစ်ဆေးခြင်း၊ အစီရင်ခံခြင်း။

Comments

Popular posts from this blog

Duty and Responsibility of TMO

ဆီးချိုသွေးချိုရောဂါ ကုသခြင်း