Duty and Responsibility of THO
မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး၏ ကြီးကြပ်မှုအောက်တွင် ပြည်သူ့ကျန်းမာရေး ရောဂါနှိမ်နင်းရေးလုပ်ငန်းများကို မြို့နယ်ကျန်းမာရေးအရာရှိက တာဝန်ယူဆောင်ရွက်ပါသည်။
မြို့နယ်ကျန်းမာရေးအရာရှိ၏ တာဝန်ဝတ္တရားများမှာ -
၁။ စီမံခန့်ခွဲရေးလုပ်ငန်း၊
၂။ ပြည်သူ့ကျန်းမာရေးနှင့် ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်း၊
၃။ ကွင်းဆင်းကြီးကြပ်ခြင်းလုပ်ငန်းတို့ ဖြစ်ကြပါသည်။
စီမံခန့်ခွဲရေးလုပ်ငန်းများ
(၁-၁) အားလုံးပါဝင်သော မြို့နယ်ကျန်းမာရေးစီမံကိန်းလုပ်ငန်းများကို မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးအား တာဝန်ယူ/တာဝန်ခံ၍ ဆောင်ရွက်ခြင်း၊
(၁-၂) အခြေခံကျန်းမာရေးဌာနများ၏ လုပ်ငန်းနှင့် အုပ်ချုပ်ရေးဆိုင်ရာ ပြဿနာ များကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးထံတင်ပြခြင်း၊ လမ်းညွှန်ချက်အရ ဆက်လက်ဆောင်ရွက်ခြင်း၊
(၁-၃) နှီးနွယ်သောဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊
(၁-၄) မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ သင်ကြားရေးအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခြင်း။
၂။ ပြည်သူ့ကျန်းမာရေးနှင့် ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ
(၂-၁) ပြည်သူ့ကျန်းမာရေးနှင့် ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများတွင် အခြေခံကျန်းမာရေးဝန်ထမ်းများအား ကျွမ်းကျင်မှုအကူအညီပေးခြင်း၊ ကြီးကြပ်ဆောင်ရွက်ခြင်း၊
(၂-၂) ဘေးအန္တရာယ်နှင့် အရေးပေါ်ကျန်းမာရေးအခြေအနေ ကျရောက်ပါက ကယ်ဆယ်ရေးနှင့် စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(၂-၃) ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းမှထွက်သော စွန့်ပစ်ပစ္စည်းများကို စနစ်တကျ သိမ်းဆည်း/စွန့်ပစ်တတ်စေရန် ဝန်ထမ်းများအား အသိပညာ ပေး၍ လိုက်နာဆောင်ရွက်စေခြင်း၊ ကြီးကြပ်ခြင်း။
ကွင်းဆင်းကြီးကြပ်ခြင်းလုပ်ငန်းများ
(၃-၁) ကျန်းမာရေးဌာနများသို့ တစ်လလျှင် အနည်းဆုံးနှစ်ကြိမ် ကွင်းဆင်း စစ်ဆေးကြီးကြပ်ခြင်း၊
(၃-၂) ကွင်းဆင်းကြီးကြပ်မှုကို “စစ်ဆေးချက်ပုံစံ”(Check List)ဖြင့် ဆောင်ရွက် ၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးထံ အစီရင်ခံခြင်း၊
(၃၃) ကွင်းဆင်းချိန်တွင် လက်တွေ့ (Hands-on training, on the job training) သင်ကြားပေးခြင်း၊ ဒေသအာဏာပိုင်များ၊ လူမှုရေးအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများ၊ ပြည်သူလူထုတို့နှင့် တွေ့ဆုံဆွေးနွေးခြင်း၊
(၃-၄) ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၏ ကြိုတင်ခရီးစဉ်၊ နေ့စဉ်မှတ်တမ်း၊ လုပ်ငန်းအစီရင်ခံစာ၊ ဖွား/သေစာရင်း စသည်တို့ကို စစ်ဆေးခြင်း၊ သုံးသပ် အကြံပြုခြင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးထံ တင်ပြခြင်း။
Comments
Post a Comment