Duty and Responsibility of MW

သားဖွားဆရာမသည် မိခင်၊ မွေးကင်းစနှင့် (၅)နှစ်အောက်ကလေးများ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို အဓိက ဆောင်ရွက်ရပါမည်။

၁။ အဓိက ဆောင်ရွက်ရမည့် လုပ်ငန်းများ

(၁-၁) ကိုယ်ဝန်ဆောင်စောင့်ရှောက်ခြင်း၊ မွေးဖွားပေးခြင်းနှင့် မီးတွင်းမိခင်စောင့်ရှောက်ခြင်း၊

(၁-၂) မွေးကင်းစနှင့် (၅)နှစ်အောက်ကလေး ကျန်းမာဖွံ့ဖြိုးရေးလုပ်ငန်း၊ 

(၁-၃) မျိုးဆက်ပွားကျန်းမာရေးလုပ်ငန်း၊

(၁-၄) အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ၊

(၁-၅) တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၊

(၁-၆) ဆေးခန်းဖွင့်လှစ်ခြင်း (ကုသရေး)၊

(၁-၇) ဖွား/သေစာရင်းအင်းနှင့် ကျန်းမာရေးစာရင်းအင်း ကောက်ယူခြင်းလုပ်ငန်း၊

 (၁-၈) ကျန်းမာရေး အသိပညာမြှင့်တင်ရေးလုပ်ငန်း။

၂။ ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများ

(၂-၁) ကျောင်းကျန်းမာရေးလုပ်ငန်းများ၊

(၂-၂) ကူးစက်မြန်နှင့်ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းခြင်း လုပ်ငန်းများ

 (၂-၃) မကူးစက်နိုင်သောရောဂါများ ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများ၊

(၂-၄) စီမံကိန်းဝင်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ၊

(၂-၅) ဘေးအန္တရာယ်နှင့် အရေးအပေါ် ကျန်းမာရေးအခြေအနေ စီမံခန့်ခွဲခြင်းလုပ်ငန်းများ၊

(၂-၆) ပတ်ဝန်းကျင်နှင့် လုပ်ငန်းခွင် ကျန်းမာရေးလုပ်ငန်းများ။


၃။ တာဝန်ဝတ္တရားများကို လွှဲပြောင်းထမ်းဆောင်ခြင်း (Task Shifting)

ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂) ရက်ရှည်ခွင့်ယူခြင်း၊ လစ်လပ်နေခြင်းရှိပါက မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး၏ အစီအမံဖြင့် ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂)၏ တာဝန်ဝတ္တရားများကို လွှဲပြောင်းထမ်းဆောင်ရမည်။

ဥပမာ - ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်း၊

- ကူးစက်မြန်နှင့် ကူးစက်ရောဂါများ နှိမ်နင်းရေးလုပ်ငန်း၊

 - စီမံကိန်းဝင်ရောဂါများ တိုက်ဖျက်ရေးလုပ်ငန်းများ စသည်တို့ ဖြစ်ပါ သည်။

Comments

Popular posts from this blog

Duty and Responsibility of SMO

Duty and Responsibility of TMO

ဆီးချိုသွေးချိုရောဂါ ကုသခြင်း