Duty and Responsibility of THA

မြို့နယ်ကျန်းမာရေးမှူး၏ တာဝန်ဝတ္တရားများမှာ-

၁။ စီမံခန့်ခွဲရေးလုပ်ငန်း၊

၂။ ပြည်သူ့ကျန်းမာရေးလုပ်ငန်းနှင့်

၃။ ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းတို့ ဖြစ်ပါသည်။



၁။ စီမံခန့်ခွဲရေးလုပ်ငန်း

(၁-၁) အခြေခံကျန်းမာရေးဝန်ထမ်းများ၊ ကျန်းမာရေးဌာန/ဌာနခွဲ အဆောက်အဦ၊ ဝန်ထမ်းအိမ်ရာ အချက်အလက်များ စာရင်းပြုစုခြင်း၊ ဆန်းစစ်ခြင်း၊ သုံးသပ်တင်ပြခြင်း၊

(၁-၂) ကျေးလက်ကျန်းမာရေးဌာန/ဌာနခွဲများ၏ ဆေးနှင့်ဆေးပစ္စည်းရရှိမှု၊ သိုလှောင်၊ ဖြန့်ဖြူးမှုစနစ်ကို ကြီးကြပ်ခြင်း၊

(၁-၃) သင်ကြားရေးအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခြင်း။


၃။ ပြည်သူ့ကျန်းမာရေးလုပ်ငန်း

(၂-၁) အားလုံးပါဝင်သော မြို့နယ်ကျန်းမာရေးစီမံကိန်း ရေးဆွဲရာတွင် ပါဝင်ခြင်း၊ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုများကို ကြီးကြပ်ခြင်း၊

 (၂-၂) မြို့နယ်များ၏ ပြည်သူ့ကျန်းမာရေးလုပ်ငန်းဆောင်ရွက်မှုကို လစဉ် ကွင်း ဆင်းကြီးကြပ်ခြင်း၊ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုများကို ဆန်းစစ်ခြင်းနှင့် အထက်သို့ အစီရင်ခံတင်ပြခြင်း၊

(၂-၃) လစဉ်လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို သက်ဆိုင်ရာ အထက်အဆင့် သို့ တင်ပြခြင်း၊


၃။ ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်း

(၃-၁) ကူးစက်မြန်နှင့် ကူးစက်ရောဂါများ ဖြစ်ပွားမှုကို စောင့်ကြပ်ကြည့်ရှုခြင်း (Diseuse Surveillance)၊ ကူးစက်ရောဂါများမဖြစ်အောင် ဆောင်ရွက် ခြင်းနှင့် အစီရင်ခံတင်ပြခြင်း၊

(၃-၂) ကပ်ရောဂါဖြစ်ပွားပါက ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်ခြင်း၊ ကြီးကြပ်ခြင်း၊

 

(၃-၃) စီမံကိန်းဝင် ရောဂါများ တိုက်ဖျက်ရေးလုပ်ငန်း ရည်မှန်းချက်များအောင်မြင်ရေးအတွက် ဆောင်ရွက်ခြင်း၊ ကြီးကြပ်ခြင်း၊

(၃-၄) မကူးစက်နိုင်သောရောဂါများ ကာကွယ်ကုသရေးလုပ်ငန်းများ ဆောင်ရွက် မှုကို ကြီးကြပ်ခြင်း၊

(၃-၅) ဘေးအန္တရာယ်နှင့် အရေးပေါ်ကျန်းမာရေးအခြေအနေ ကြိုတင်ကာကွယ် ခြင်း၊ တုံ့ပြန်ခြင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အစီ ရင်ခံတင်ပြခြင်း၊

(၃-၆) မြို့နယ်အဆင့် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများ လုပ်ငန်းအစီအစဉ် ရေးဆွဲရာတွင် ပါဝင်ကူညီခြင်းနှင့် ကြီးကြပ်ခြင်း။

Comments

Popular posts from this blog

Duty and Responsibility of SMO

Duty and Responsibility of TMO

ဆီးချိုသွေးချိုရောဂါ ကုသခြင်း