Duty and Responsibility of LHV

အမျိုးသမီးကျန်းမာရေးဆရာမသည် သားဖွားဆရာမများ၏ လုပ်ငန်းများကို အနီးကပ်ကြီးကြပ်ရပါသည်။

အမျိုးသမီးကျန်းမာရေးဆရာမ၏ တာဝန်ဝတ္တရားများမှာ -

၁။ စီမံခန့်ခွဲရေးလုပ်ငန်း၊

၂။ ပြည်သူ့ကျန်းမာရေးလုပ်ငန်း၊

၃။ ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်း၊

၄။ ကုသရေးလုပ်ငန်း(ဆေးခန်းဖွင့်လှစ်ခြင်း)တို့ ဖြစ်ကြပါသည်။


၁။ စီမံခန့်ခွဲရေးလုပ်ငန်း

အမျိုးသမီးကျန်းမာရေးဆရာမသည် ကျေးလက်ကျန်းမာရေးဌာနတွင် ကျန်းမာ ရေးမှူး တာဝန်ယူဆောင်ရွက်ရသည့်လုပ်ငန်းများကို ပူးပေါင်းကူညီဆောင်ရွက်ရပါသည်။

၂။ ပြည်သူ့ကျန်းမာရေးလုပ်ငန်း

(၂-၁) အဓိက တာဝန်ယူ ကြီးကြပ်ရမည့် လုပ်ငန်းများ

သားဖွားဆရာမနှင့် အရန်သားဖွားဆရာမတို့ ဆောင်ရွက်နေသော အောက်ပါပြည်သူ့ ကျန်းမာရေးလုပ်ငန်းများကို ဆေးခန်းတွင်လည်းကောင်း၊ ကွင်းဆင်း၍လည်းကောင်း မပြတ်မလပ် ကြီးကြပ်ရမည် -

(၂-၁-၁) မျိုးဆက်ပွား၊ မိသားစုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၊ 

(၂-၁-၂) မိခင်၊ မွေးကင်းစနှင့် ကလေးကျန်းမာဖွံ့ဖြိုးရေးလုပ်ငန်း၊

(၂-၁-၃) အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ (ကိုယ်တိုင်လည်း ပါဝင်ကူညီဆောင်ရွက်ရန်)၊

(၂-၁-၄) တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၊

(၂-၁-၅) ဖွား/သေစာရင်းအင်းနှင့် ကျန်းမာရေးစာရင်းအင်း ကောက်ယူခြင်းလုပ်ငန်း၊

(၂၁-၆) ကျန်းမာရေး အသိပညာမြှင့်တင်ရေးလုပ်ငန်း။

(၂-၂) ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများ

(၂-၂-၁) ပတ်ဝန်းကျင်နှင့် လုပ်ငန်းခွင် ကျန်းမာရေးလုပ်ငန်း၊

 (၂-၂-၂)ကျောင်းကျန်းမာရေးလုပ်ငန်း၊

(၂-၂-၃) ပဏာမ သွားနှင့်ခံတွင်းဆိုင်ရာလုပ်ငန်းများကို ကူညီဆောင်ရွက် ပေးခြင်း။


၃။ ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်း

အောက်ပါရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ကျန်းမာရေးမှူးနှင့် ပူးပေါင်း ဆောင်ရွက်ရမည် -

(၃-၁)ကူးစက်မြန်နှင့် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းခြင်း၊

(၃-၂) စီမံကိန်းဝင်ရောဂါများ တိုက်ဖျက်ရေးလုပ်ငန်း၊

(၃-၃) ဘေးအန္တရာယ်နှင့် အရေးပေါ်ကျန်းမာရေးအခြေအနေ စီမံခန့်ခွဲခြင်း၊ 

(၃-၄) မကူးစက်နိုင်သောရောဂါများ ကာကွယ်ကုသရေးလုပ်ငန်း။


၄။ ကုသရေးလုပ်ငန်း(ဆေးခန်းဖွင့်လှစ်ခြင်း)

(၄-၁) ကွင်းဆင်းလုပ်ငန်းများ မလစ်ဟင်းစေရန် ကျန်းမာရေးမှူးနှင့် ညှိနှိုင်း၍ အလှည့်ကျ ပင်မ ဆေးခန်းဖွင့်လှစ်ခြင်း၊

(၄-၂) ဆေးခန်းနှင့် ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်စွာရှိရေး စီမံဆောင်ရွက်ခြင်း၊

(၄-၃) "Basic EPHS” အစုအဖွဲ့စာရင်းတွင် ပါဝင်သော ကျန်းမာ ရှောက်မှုလုပ်ငန်းများကို အထူးအလေးထား ဆောင်ရွက်ခြင်း၊

(၄-၄) လူနာစာရင်း၊ ဆေးစာရင်း ပြုစုခြင်း။

မလွှဲမရှောင်သာမှ ဆောင်ရွက်ရမည့်တာဝန်များ (သားဖွားဆရာမ လစ်လပ်/ခွင့်ရက်ရှည် ယူ/ သင်တန်းတက်ခြင်း စသည်)

* ကိုယ်ဝန်ဆောင်စောင့်ရှောက်ခြင်း၊

*ကလေးမွေးဖွားပေးခြင်း၊

*ကာကွယ်ဆေးထိုးပေးခြင်း။

Comments

Popular posts from this blog

Duty and Responsibility of SMO

Duty and Responsibility of TMO

ဆီးချိုသွေးချိုရောဂါ ကုသခြင်း