Duty and Responsibility of PHS1
ပြည်သူ့ကျန်းမာရေးကြီးကြပ်(၁)သည် တိုက်နယ်ဆေးရုံနှင့် တိုက်နယ်ကျန်းမာရေး ဌာနများတွင် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ရပါသည်။ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၁)၏ တာဝန်ဝတ္တရားများမှာ -
၁။ စီမံခန့်ခွဲရေးလုပ်ငန်း၊
၂။ ပြည်သူ့ကျန်းမာရေးလုပ်ငန်း၊
၃။ ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းတို့ ဖြစ်ကြပါသည်။
စီမံခန့်ခွဲရေးလုပ်ငန်း
(၁-၁) တိုက်နယ်ကျန်းမာရေးဌာနနှင့်ပတ်သက်၍ နယ်နိမိတ်ပြမြေပုံကို ပြုစုခြင်း၊ အခြေခံအချက်အလက်များ စာရင်းဇယားပြုစုခြင်း၊
(၁-၂) ကွင်းဆင်းချိန်တွင် သားဖွားဆရာမများ၊ ကြီးကြပ်(၂)များ၊ စေတနာ့ ဝန်ထမ်း ကျန်းမာရေးလုပ်သားများ၏ ဆောင်ရွက်ချက်များကို စိစစ်ခြင်း၊ ကြီးကြပ်ခြင်း၊ သင်ကြားပေးခြင်း၊
(၁-၃) လက်အောက်ရှိ ဝန်ထမ်းများ လုပ်ငန်းဆောင်ရွက်မှု အားနည်းပါက စည်းရုံး၍ ပညာပေးခြင်း၊ လိုအပ်ပါက အထက်သို့ တင်ပြအစီရင်ခံခြင်း၊ (၁-၄) စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်း၊
(၁-၅) ဝန်ထမ်းများ၏ လချုပ်များအား စုစည်းခြင်း၊ စစ်ဆေးခြင်း၊ သုံးသပ် အကြံပြုချက်များ ပြန်လည်ပေးခြင်း၊ ဌာနလချုပ်ပြုစု၍ သက်ဆိုင်ရာသို့ ပေးပို့ခြင်း၊
(၁-၆) တိုက်နယ်ဆရာဝန်ခွင့်ရက်ရှည်ယူခြင်း၊ လစ်လပ်နေခြင်း စသည့်အချိန်များ တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး၏ ခွင့်ပြုချက်ဖြင့် သာမာန်ရုံးကိစ္စ များ ဆောင်ရွက်ခြင်း၊
ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ -၁) အဓိက တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းများ
(၂-၁-၁) ပတ်ဝန်းကျင်ကျန်းမာရေးလုပ်ငန်းများ ၊
(၂-၁-၂) ရေကောင်းရေသန့်ရရှိရေး၊
(၂-၁-၃) မိလ္လာအညစ်အကြေးနှင့် အမှိုက်သရိုက်များ စနစ်တကျစွန့်ပစ်ရေး၊
(၂-၁-၄) လုပ်ငန်းခွင်ကျန်းမာရေးလုပ်ငန်းများ၊
(၂-၁-၅) အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးလုပ်ငန်း၊
(၂-၁-၆)ကျောင်းကျန်းမာရေးလုပ်ငန်း။
(၂-၂) ပူးပေါင်းကူညီဆောင်ရွက်ရမည့် လုပ်ငန်းများ
(၂-၂-၁) သွားနှင့်ခံတွင်းဆိုင်ရာ ရောဂါများနှင့်ပတ်သက်၍ ကာကွယ်ခြင်း၊ ကုသခြင်း၊ အသိပညာပေးခြင်း၊
(၂-၂-၂) မိခင်နှင့်ကလေးကျန်းမာဖွံ့ဖြိုးရေး၊ မျိုးဆက်ပွားကျန်းမာရေးလုပ်ငန်းများ၊
(၂-၂-၃) အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းများ၊
(၂-၂-၄) ကျန်းမာရေးအသိပညာမြှင့်တင်ရေးလုပ်ငန်းများ၊
(၂-၂-၅) ဖွား/သေ မှတ်ပုံတင်ခြင်းလုပ်ငန်း။
၃။ ရောဂါကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ
(၃-၁)ကူးစက်မြန်နှင့် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး၊
(၃-၂) ဘေးအန္တရာယ်နှင့် အရေးပေါ်ကျန်းမာရေးအခြေအနေ စီမံခန့်ခွဲခြင်း၊
(၃-၃) တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၊
(၃-၄) စီမံကိန်းဝင်ရောဂါများ တိုက်ဖျက်ရေး၊
(၃-၅) မကူးစက်နိုင်သောရောဂါများ ကာကွယ်ကုသရေး။
Comments
Post a Comment